Sakura Present

1K 141 74
                                    

Unicode

လိုင်းမှတစ်ဆင့် မင်းခွန်မှိုင်းပို့ပေးလိုက်သည့် ဓာတ်ပုံကို ကြည့်လိုက်ရယ်လိုက်ဖြင့် Takoyamaအလုပ်ရနေသည်။ ယိုကိုင်းပွဲတော်(မကောင်းဆိုးဝါးပွဲတော်)အထိမ်းအမှတ် ပြုလုပ်သော Cosplayပွဲတက်ဖို့ရာ အိုဆာကာမြို့သို့ လွန်ခဲ့သည့်နှစ်ရက်ကပင် သွားလေသည်။ Takoyamaလိုက်သွားချင်သောငြားလည်း ပိတ်ရက်သိပ်မရသဖြင့် လိုက်မသွားဘဲကျန်ခဲ့ရသည်။

ရှေ့နှစ်များက ယိုကိုင်းပွဲတော်တွင် မင်းခွန်မှိုင်း၏Cosplayမ်ားက မကောင်းဆိုးဝါးခပ်ချောချောကာရိုက်တာများသာ ဖြစ်သည်။ သည်နှစ်တော့ Death Note၏ကာရိုက်တာ တစ်ခုဖြစ်သော သေမင်း Ryukကို Cosထားလေသည်။

ပုံနှင့်အတူပို့ထားသောစာကိုလည်း ကြည့်ပါဦးလေ။

"သေမင်းချောချောလေးမမြင်ဖူးဘူးမလား...။ ကြည့်ထား"တဲ့။ ပုံကိုကြည့်တော့လည်း ပါးစပ်ပြဲပြဲပုံစံကြီးပြင်ထားရသည်ကို သွားကြီးဖြဲပြနေသည့်ပုံ...။ မျက်နှာလေးသေချာမြင်ရအောင် ဗွီဒီယိုကောလ်ခေါ်လိုက်သည်။ တစ်ဖက်မှဖုန်းကိုင်ကိုင်ချင်း ရုတ်တရက် မြင်လိုက်ရသည့်မျက်နှာကြောင့် Takoyamaပင်လန့်သွားမိသည်။ တကယ့်Ryukကိုအပြင်၌ ဗွီဒီယိုကောလ်ခေါ်လိုက်ရသည့် ခံစားချက်။

"လန့်သွားသလား ကောင်လေး"

"လန့်မိပါတယ်ဗျာ..."

စိတ်ကျေနပ်အောင်ဖြေပေးလိုက်တော့ တဟားဟားရယ်သည်။ နောက်ပြီး အခန်းထဲဘယ်သူရှိသလဲ ဟိုကြည့်သည်ကြည့်လုပ်သည်။ ဘယ်သူမှမရှိမှန်းသိကာမှ Takoyamaထံ အတင်းတုပ်တော့လေသည်။

"ငါစိတ်တိုနေတာကွ"

"ဘာဖြစ်လို့လဲ မင်းခွန်မှိုင်း-စံရဲ့"

"ဟ...ငါယိုကိုင်းပွဲတက်တိုင်း နောက်ကမင်းကအမြဲပါတော့ ငါဂျပန်မလေးတွေ အေးဆေးမငမ်းခဲ့ရဘူးလေ၊ ဒီနှစ် မင်းမပါလို့ ဂျပန်မလေးနားကပ်လို့ရမလားမှတ်တယ် ဟိုဘဲက Ryuk Cosplayလုပ်ခိုင်းတော့ ဘယ်သူကကပ်တော့မှာတုန်းကွာ၊ ငါ့ရုပ်ချောချောလေးတောင်ပျောက်အောင် ဟိုသတ္တဝါကျော်ကြီးက မိတ်ကပ်တွေအသေဖို့သွားသေးတာ..."

Sakura PresentWhere stories live. Discover now