Part 11

824 146 103
                                    

Unicode

တိုက်ခန်းရှေ့ လမ်းမထက်တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်လျက် ဖုန်းပြောနေသော မင်းခွန်မှိုင်းအား Takoyamaပြတင်းပေါက်မှန်မှတဆင့် မြင်နေရသည်။ တစ်ချိန်လုံးမျက်မှောင်ကြုတ်ပြီး အလိုမကျဖြစ်နေတတ်သည့် မင်းခွန်မှိုင်းစိတ်က နားလည်ရခက်သည်တော့မဟုတ်။ မင်းခွန်မှိုင်းက ပွင့်ပွင့်လင်းလင်းသမားပေကိုး။

"ကိုသာနဲ့အဲ့မိန်းမက ဘယ်အဆင့်တွေရောက်ကုန်ပြီလဲ၊ ပြောစမ်းပါဦး"

မေးပုံက မလိုတမာရှိလွန်းလှသည်။

"တစ်ခေါက်ပဲ တွေ့ဖူးတာပါဆို ညီမှိုင်းရာ၊ ကိုသာက ဒီအတိုင်းကြည့်မိရုံပါ"

"မေမေကိုယ်တိုင်တောင် ထုတ်ပြောတယ်ဆိုကတည်းက ကိုသာကြည့်တာက ဒီအတိုင်းဟုတ်ပါဦးမလား၊ မှန်မှန်ပြောစမ်းပါ....ကြိုက်နေတာလား"

ကိုသာဘယ်လိုဖြေရှင်းဖြေရှင်း မင်းခွန်မှိုင်းကတော့ လက်မခံဘဲ ပြဿနာသာရှာသည်။ ကိုသာကိုယ်တိုင်ကစိတ်ဝင်စားနေပါသည်ဆိုသော မိန်းကလေးကို မင်းခွန်မှိုင်းသိချင်သည်ကလည်း မလွန်။ သူငယ်ငယ်ကတည်းကနေ အခုအချိန်ထိ အစ်ကိုဖြစ်သူက မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားကြောင်း မကြားဖူးခဲ့၍ဖြစ်သည်။

"ကိုသာရည်းစားထားတော့ရော ဘာဖြစ်လို့လဲ ညီမှိုင်းရ၊ ထားပါတော့ ကိုသာကတစ်သက်လုံးလူပျိုကြီးလုပ်မယ်ဆိုရင်၊ ညီမှိုင်းကရော မိန်းမမယူတော့ဘူးတဲ့လား"

"ဟ...ကြိုက်တဲ့လူတွေ့ရင်တော့ ယူမှာပေါ့ဗျ"

"ဟော....တရားပါ့ဗ်ာ"

မင်းခွန်မှိုင်းကတော့ ဖုန်းထဲမှာပြောပေလို့ပင်၊ အကြောကတော့ တင်းတင်းပေသာ။

"ဟုတ်တယ်လေ၊ ကျွန်တော့်ကိုချစ်တဲ့လူတွေ၊ ကျွန်တော်ကချစ်ရတဲ့လူတွေအားလုံးကို ကျွန်တော့်ဘေးမှာပဲ ရှိစေချင်တာကို"

အဲ့လိုတစ်ကိုယ်ကောင်းလေးကို အစ်ကိုဖြစ်သူကလည်း မငြိုငြင်သည့်အပြင် သဘောကျပြီး ရယ်နေသေးသည်။

"ကျွန်တော်ပြောမယ်နော်....ကိုသာ ကြိုက်နေရင်လည်း ကျွန်တော် ပြန်လာဖြစ်တဲ့အထိစောင့်၊ ကျွန်တော်အရင်တွေ့ကြည့်ပြီး ကျွန်တော်နဲ့အဆင်ပြေမှ ကိုသာက ဖွင့်ပြော...ဟုတ်ပြီလား"

Sakura PresentWhere stories live. Discover now