Unicode
ခပ်မြင့်မြင့်နေရာရောက်လျှင် ခုန်ချပစ်လိုက်ချင်သည့်စိတ်ကို Takoyamaအတော်ထိန်းယူရသည်။ အမြင့်ကြောက်ခြင်းမဟုတ်ဘဲ သဘောကျခြင်းဖြစ်သည်။ တစ်မြို့လုံးအား ခြုံငုံမြင်နေရသည့် Tokyo Skytreeမြင်ကွင်းကို အားပါးတရ နှုတ်ခမ်းတစ်စုံပင်ဖွင့်ဟရင်း ငေးမောနေသည့်မင်းခွန်မှိုင်းကို ဖျတ်ခနဲကြည့်ရင်း သူခေါင်းငုံ့ပြုံးရသည်။
ဘယ်ဘဝကရေစက်ပါလိမ့်။ သည်လိုဂျစ်တူးကို အပြင်မှာမမြင်ဖူးခင်ကတည်းက တွေ့ချင်မြင်ချင်စိတ်၊ မြင်တော့လည်း တရိပ်ရိပ်တက်လာသည့် သဘောကျစိတ်။ လူ့စိတ်ကခက်တော့အခက်သားပင်။ ကိုယ်သတိမထားမိလိုက်ခင် အချိန်လေးအတွင်း၌ပင် ဖြစ်ပျက်ပြောင်းလဲ ခံစားသွားရသည်က ခပ်များများမဟုတ်ပေဘူးလား။
Skytreeတက်ပြီးနောက် သူတို့နောက်ဆက်တွဲ ခရီးစဉ်များကို ဆက်ကြရသည်။ ငါးပြတိုက်သွားသည်။ ရေအောက်ကမ်ဘာ၏ သဘာဝအလှအပများကို ဖန်နံရံတွေကာရံပြီး မြင်ရသည့်နေရာပေါ့။
"ဝိုး...အဲ့အကောင်ကြီးချက်စားရင်ရှယ်ပဲနေမှာ"
ငါးပြတိုက်လာပြီး ငါးကြည့်ဖို့ထက် ချက်စားဖို့တွေးသည့် မင်းခွန်မှိုင်းကြောင့် Takoyamaကျောပင်ချမ်းသွားမိသည်။
"ငမှိုင်းလိုကောင်မျိုးကို ငါသာပြတိုက်မှူးဆို ချက်ချင်းကန်ထုတ်မှာ"
ကျော်ကြီးဆိုသူမှာလည်း မနိုင်မှန်းသိသိနှင့် မင်းခွန်မှိုင်းကို မစရလျှင်မနေနိုင်သူဖြစ်သည်။
"အေး...အဲ့ကန်ထုတ်တဲ့ပြတိုက်မှူးကိုပါ တံစို့ထိုးပြီးကင်စားပစ်မယ်"
ပြောလည်းပြော၊ စားသည့်အမူအရာလည်းလုပ်ပြသော မင်းခွန်မှိုင်းကြောင့် မောင်မောင်ကျော် မချိမဆန့်လေးပြုံးပြီး အလျှော့ပေးရသည်။ သူတို့ငါးပြတိုက်တွင် အတော်ကြာသွားသည်။ ဂျပန်ရောက်တုန်း Disney Landသွားချင်ပေမဲ့ တက္ကသိုလ်တက်တုန်းက ချသည့်planတွင် Disney Landကိုသုံးယောက်အတူတူ ခြေချမည်ဟု မှတ်မှတ်ရရဆိုခဲ့ဖူးသဖြင့် စိတ်ကိုလျှော့ထားရသည်။ ငစိုင်းဆိုသည့်အိမ်ချစ်၊ မြေချစ်သတ္တဝါက မရှိပေကိုး။ ထို့အပြင် သူငယ်ချင်းအပေါ် တစ်ခါလောက်ဖြစ်ဖြစ် သစ္စာရှိဖို့ကြိုးစားချင်မိ၍ဖြစ်သည်။
YOU ARE READING
Sakura Present
Teen FictionI'm just waiting for a stranger! #နတ်ဆိုးတစ်ကောင်နှင့်အတူ မွေးဖွားခြင်း S2