Unicode
ည၇နာရီ ထိုးကာနီးပြီဖြစ်၏။ Takoyama နာရီကိုတကြည့်ကြည့်ဖြင့်သာ ပြန်ဖို့စိတ်စောနေသည်။
"ကြွပ်ကြွပ်အိတ်မယူဘူးလို့ ပြောတယ်လေ"
ကာစတန္မာ၏ အလိုမကျသည့်အသံကိုကြားကာမှ ဆတ်ခနဲတွန့်သွားပြီး တောင်းပန်လိုက်ရသည်။
"တောင်းပန်ပါတယ်ခင်ဗျ၊ စိတ်မရှိပါနဲ့"
ကာစတန်မာသည် ခေါင်းခါလျက် ဆိုင်အတွင်းမှထွက်သွားလေသည်။ Takoyamaလည်း သက်ပြင်းချရင်း စိတ်ကိုစုစည်းဖို့ ကြိုးစားလိုက်ရသည်။
"Tako-kunနေမကောင်းဘူးလား၊ စိတ်တွေလွင့်နေသလိုပဲ"
သူ့အနောက်တွင် မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိသည့် မန်နေဂျာအား အသံကြားကာမှ လှည့်နှုတ်ဆက်လိုက်ရသည်။
"ဘာမှမဖြစ်ပါဘူး ခင်ဗျ၊ ကျွန်တော် တောင်းပန်ပါတယ်"
"ရတယ် ရတယ်၊ အချိန်လည်းပြည့်တော့မှာပဲ၊ အဝတ်အစားပြန်လဲရင် လဲထားလိုက်တော့လေ"
မန်နေဂျာသဘောကောင်း၍သာ Takoyamaအဆူမခံရခြင်းဖြစ်သည်။ ဆယ်မိနစ်လောက်လည်းလိုသေးသည်မို့ ကောင်တာတွင်သာ ဆက်နေလိုက်သည်။ သူအခုလို စိတ်တွေလွတ်နေရခြင်း၏ တရားခံမွာ မင်းခွန်မှိုင်းဆိုသောဂြိုလ်သားကြောင့် ဖြစ်သည်။ သူနှင့်မျက်နှာချင်းမဆိုင်ဘဲ ရှောင်နေသည်က သူ့အတွက်ဆိုးဆိုးဝါးဝါး စိတ်လွင့်စေခြင်းတစ်မျိုးဖြစ်သည်။
မနေ့ကတစ်ညလုံးလည်းသူ့ဆီပေါ်မလာဘဲ ကိုဘုန်းကျော်စွာအခန်းထဲတွင် တီဗွီသွားကြည့်သည်။ ကိုဘုန်းကျော်စွာနှင့် Takoyamaမွာ အလုပ်ကိစ္စထက်ပိုပြီး များများစားစားမပတ်သက်မိ၍ သူ့အခန်းကိုသွားပြီး မင်းခွန်မှိုင်းကိုတွေ့ဖို့ရာ မဖြစ်နိုင်ခဲ့။ ယနေ့မနက်တွင်လည်း အိပ်နေသည်မို့ မျက်နှာချင်းဆိုင်ဖြစ်။ နေ့လယ်အတွက် အိုမုရိုက်စ်(Omurice)ဟုခေါ်သော ကြက်ဥခေါက်ကြော်ပါးပါးလေး အပေါ်မှအုပ်ထားသည့် ထမင်းကြော်အား ကျော်ထွဋ်နှင့်မင်းခွန်မှိုင်းအဖို့ရာ တစ်ပွဲတည်းနှစ်ယောက်စာထည့်ပြီး သွားပို့ခဲ့ပေမဲ့ မင်းခွန်မှိုင်းအိပ်နေသေးသည်။
YOU ARE READING
Sakura Present
Teen FictionI'm just waiting for a stranger! #နတ်ဆိုးတစ်ကောင်နှင့်အတူ မွေးဖွားခြင်း S2