Part 24

698 137 32
                                    

Unicode

Kaoriချိန်းထားရာ နေရာသို့ Takoyamaအချိန်အတိအကျ ရောက်ရှိနေခဲ့သည်။ ညီမဖြစ်သူကို အားကိုးပြီး မင်းခွန်မှိုင်းချစ်သူဖြစ်ခွင့်ပဲရလေမလား၊ ဒုက္ခပဲရောက်လေမလား ခပ်လန့်လန့်တော့ရှိလှ၏။

"TakoTako"

Ayatoဆိုသောကောင်လေးအား အတင်းဆွဲခေါ်ပြီး ရောက်လာသည့် ညီမဖြစ်သူကို Takoyamaနားမလည်စွာဖြင့် ကြည့်လိုက်မိသည်။ Kaoriသည် Ayatoအား အစ်ကိုဖြစ်သူထံသို့ တွန်းပို့လိုက်သဖြင့် အရှိန်မလွန်အောင် ထိန်းပေးလိုက်ရသေးသည်။

"TakoTakoနဲ့ ဒိတ်ဖို့ခေါ်လာပေးတာ..."

Takoyamaပို၍ပင်နားမလည်ဖြစ်ရတော့သည်။ ဒိတ်ချင်တာကတစ်ယောက်၊ ဒိတ်ခိုင်းနေတာက တစ်ယောက်ဖြစ်နေချေပြီ။ Ayatoကိုကြည့်တော့လည်း ဘာမှမတတ်နိုင်တော့သည့် မျက်နှာလေးဖြင့် မျက်စိသူငယ်၊ နားသူငယ်။

"Ayato-kunနဲ့ဒိတ်တော့ ဘာများထူးခြားမှာမို့လဲ Kaoriရဲ့၊ သူများကိုဒုက္ခမပေးပါနဲ့လို့ ပြောထားတာကို"

Ayatoက သူ့အား အားကိုသည့်မျက်လုံးများဖြင့် မော့ကြည့်လေသည်။

"မင်းခွန်မှိုင်း-စံနဲ့ဒိတ်တဲ့အခါ တကူးတကစဉ်းစားစရာမလိုတော့အောင် အခုကတည်းက လည်လို့ကောင်းမယ့်နေရာတွေ ရှာတယ်လို့ သဘောထားပြီး သွားစရာရှိတာသွား၊ က်န္တာ Kaoriကိစ္စ..."

"အဲ့တာ ငါတစ်ယောက်တည်းသွားလို့ရတယ်လေ.."

Kaoriကသက်ပြင်းလေးအရင်ချသည်။

"ရှည်လိုက်တာ TakoTakoရယ်၊ TakoTakoကဟန်ဆောင်တတ်တာမဟုတ်ဘူး၊ ပီပြင်ဖို့လိုတယ်၊ TakoTakoသွားမယ့်နေရာအကုန် Ayato-kunကိုခေါ်သွား၊ Kaoriဈေးရောင်းပွဲတော် သြားရဦးမွာ"

Kaoriကပြောရင်းဆိုရင်း Takoyamaအိတ်ထဲမှ ဖုန်းကိုယူပြီး စက်ပိတ်ချလိုက်သည်။ Takoyamaကမျက်လုံးအပြူးသားဖြင့် ကြည့်လေတော့...

"တစ်နေကုန် ဖုန်းဖွင့်ဖို့မစဉ်းစားနဲ့၊ Kaoriသွားပြီ၊ Ayato-kunကိုဂရုစိုက်ဦး"

Kaoriသည် သူတို့ရှေ့မှပြေးထွက်သွားသည်။ တစ်ချက်ပင်လှည့်မကြည့်ဘဲ ပြေးထွက်သွားသည်ကိုပင် လက်ပြနှုတ်ဆက်ပြီး မအီမသာကျန်နေသူကလည်းရှိသေးသည်။ Ayatoဒုက္ခကလည်း မေသးပါလား။

Sakura PresentWhere stories live. Discover now