Part 22

759 157 41
                                    

Unicode

"ဧည့်သည်တွေကိုဖိတ်ထားပြီး စောင့်ခိုင်းသလိုဖြစ်နေပြီ"

ငစိုင်းက ခြံတံခါးကိုဖွင့်ပေးနေစဉ် ဒေါ်ဝေဝေလွင်က ကိုသာတို့ သားအမိအား အားနာသမှုဖြင့် ဆိုလေသည်။

"ရပါတယ် အစ်မရဲ့၊ မေမီတို့သားအမိလည်း အစ်မတို့ရှေ့လေးတင် ရောက်တာပဲ"

ကိုသာ့မိခင်သည် စိုင်းမိခင်ထက် တစ်နှစ်မျှငယ်လေသည်။ ထို့ကြောင့် ဒေါ်ဝေဝေလွင်အား အစ်မဟုခေါ်လေသည်။ ကိုသာက ရှပ်ကြယ်သီးတပ်အကျႌ၊ ယောပုဆိုးနှင့် ငစိုင်းအားကြည့်ကာ ညင်ညင်သာသာပြုံးလေသည်။ ငစိုင်းအနေရခက်တာကြောင့် သွားစိပြီးသာ ရယ်ပြမိလိုက်သည်။

ဒေါ်ဝေဝေလွင်က ဒေါ်မေမီသာ့လက်ကိုချိတ်လျက် အိမ်ထဲအရင်ခေါ်သွားသည်။ ကိုသာသည် ကားကိုခြံထဲသွင်းပြီးနောက် ငစိုင်းခြံတံခါးကိုပြန်ပိတ်ပြီးသည်အထိ ကားအနားတွင်ရပ်စောင့်ကာနေသည်။ ငစိုင်းလည်း လွန်ခဲ့သည့်တစ်ပတ်လောက်က ပြောခဲ့သည့်စကားများအကြောင်း ပြန်တွေးမိကာ ရှက်သဖြင့် ခေါင်းကြီးကိုမြေထဲဝင်မတတ် ငုံ့ထားရုံသာတတ်နိုင်၏။

"မတွေ့ရတာ ၅ရက်လောက်ရှိပြီနော် စိုင်း"

"ဟုတ်မယ်ထင်တယ်"

ကိုသာက သူ့ပုံစံအတိုင်း ပြုံးသွားပြီး ငစိုင်းကိုပင်အိမ်ထဲဝင်ဖို့ ပြန်ခေါ်ချေသည်။ ကိုသာနှင့်ကိုသာ့မေမေအား မိခင်ဖြစ်သူမှ ဧည့်ခံနေချိန် ငစိုင်းအဝတ်အစားပြေးလဲရသည်။ ပုံမှန်ဝတ်နေကျ အဝတ်အစားများကသာ နေသာထိုင်သာရှိစေသည်မဟုတ်ပါလား။

"သား...မေမေ့ကို ထမင်းပွဲကူပြင်ပေးဦး"

ဒေါ်ဝေဝေလွင်မှ သားဖြစ်သူအားအကူအညီတောင်းခြင်းဖြစ်ပေမဲ့ လာကူညီသူက သားဖြစ်သူအပြင် ကိုသာပါပါလာသည်။ ဒေါ်မေမီသာလည်း တစ်ခါတည်းထလာကာ ထမင်းဝိုင်းကူပြင်ပေးလေသည်။

"ညီမရယ် အေးဆေးထိုင်နေပါ၊ အစ်မလုပ်ပါ့မယ်၊ ကိုသာလေးရော...သြား...အေးဆေးနေ၊ သား မင်းအစ်ကိုတို့အတွက် အချိုရည်ပြင်စမ်းကွယ်"

"မဟုတ္တာ အစ်မရယ်၊ မေမီကူညီချင်လို့ပါ"

ဤသို့ဖြင့် ဝိုင်းဝန်းပြင်ဆင်လိုက်တော့ ထမင်းဝိုင်းလေးက ခဏနှင့်ပြင်ပြီးသွားချေသည်။ အုန်းထမင်းထည့်ထားသည့် ပန်းကန်လေးပန်းကန်၊ ကြက်သားဆီပြန်၊ ချဉ်ပေါင်ရွက်ဟင်းရည်၊ ငါးခြောက်ထောင်းကြော်၊ သရက်ချဉ်သုပ်တို့ဖြင့် ထမင်းမြိန်စရာပင်ဖြစ်သည်။

Sakura PresentWhere stories live. Discover now