Part 37

744 133 42
                                    

Unicode

နေသည် အနောက်အရပ်သို့ခပ်ဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်လုပြီ။ တိမ်တွေတောက်နေပုံကလည်း ပန်းချီကားပေါ်တွင်စွန်းထင်းစေလိုက်သော ဆေးရောင်တို့သဖွယ်။ သဘာဝဟာ ဤကဲ့သို့ လှပလွန်းပါတကား။ မိုးလင်းသည်နှင့်အလုပ်ကိုပြေး၊ အိမ်ပြန်ရောက်တော့ ညနေနေဝင်နှင့် ဤအလှတရားတို့ကိုကြည့်ရင်း ခပ်အေးအေးလေသွေးသွေးကို ရှူရနိုင်ခြင်းအတွက် အချိန်မရနိုင်ခဲ့၊ အရေးမစိုက်နိုင်ခဲ့။ ယခုတော့ အေးချမ်းလိုက်ပါဘိခြင်း။

"ကိုသာ...မပြန်သေးဘူးလား"

ရထားလမ်းဘေးတွင် ငုတ်တုတ်ထိုင်ငေးနေသော ကိုသာ့နံဘေး၌ ငစိုင်းဝင်ထိုင်လိုက်သည်။ ကိုသာသည် သူ့အားတစ်ချက်ပြန်ကြည့်ပြီး ပြုံးလျက်သား နေဝင်ရာအရပ်ဆီ ပြန်လည်ငေးမောရင်း သက်ပြင်းလေးချ၏။

"ဘာတွေစဉ်းစားနေတာလဲ ကိုသာ၊ လေထိတာများပြီး ပြန်ဖျားဦးမယ်"

"စိုင်းက ကိုသာ့ကို ကလေးမှတ်နေတာလား"

စိုးရိမ်တာ ကလေးကိုမှစိုးရိမ်ရမလား ကိုသာ။ ဂရုစိုက်တာ ကေလးကိုမွ ဂရုစိုက်ရမတဲ့လား။

ငစိုင်းဘာမှမပြောဘဲ အသက်မပါစွာရယ်လျက် တောက်သောတိမ်၊ ပျောက်သောနေကို လိုက်လံငေးမောမိ၏။ ကိုသာ့အသက်ရှူသံ မျှင်းမျှင်းကိုလည်း သူအာရုံစိုက်မိသည်။ လေပြေတိုးသံထက် သာယာသလိုလို။ သည်အရူးဟာ သိပ်ပိုလွန်းပြီမဟုတ်လား။

"စိုင်း..."

"ခင်ဗျာ..."

နှစ်ယောက်လုံးအသံဟာ တိုးသက်ညင်သာ...။

"ဟိုး...မိုးကုပ်စက်ဝိုင်းအလွန်မှာ လူတွေရှိနေဦးမလား"

ကိုသာက ကလေးတစ်ယောက်လို ပေါက်ပေါက်ရှာရှာမေးသည်ဟု သူမတွေးရက်။ အတွေးဆိုတာက ချဲ့လျှင်ချဲ့သလို ကျယ်နိုင်တာပဲ မဟုတ္လား။

"ကျွန်တော်လည်းမရောက်ဖူးသေးဘူး ကိုသာ"

သူခပ်ဆတ်ဆတ်ကလေးဖြေတော့ ကိုသာကအသံထွက်အောင်ပင် ရယ်သည်။ အလှတရားလေးက လောကထဲအပို ထွက်ပေါ်လာပြန်ပြီကော...။ ပြီးလျှင် ပြန်လည်ငုပ်လျှိုးပျောက်ကွယ်သွားပြန်သည်။ လတစ်စင်းလိုပဲ ပေါ်ချိန်ပေါ်၊ ပျောက်ချင်ပျောက်၊ ပြုံးချင်ပြုံးနေတော့တာပါပဲ။

Sakura PresentWhere stories live. Discover now