Part 34

743 137 74
                                    

Unicode

ဆေးရုံမည်သည် စိတ်မချမ်းမြေ့ဖွယ်တို့ဖြင့် ပြည့်နှက်လေ့ရှိသော နေရာဖြစ်သောကြောင့် မင်းခွန်မှိုင်းသည် ဆေးရုံဆေးခန်းဆို အလွန်တရာမှမုန်းတီး၏။ ဆေးရုံနံ့ကိုလည်း သူနည်းနည်းမျှမကြိုက်။ သို့ပေမဲ့ ရောက်ခဲ့ရပြန်သည်။ ကံကောင်းသည့်အချက်မှာ ဒဏ်ရာရသူဟာသူမဟုတ်။ ကံဆိုးသည့်အချက်မှာတော့ ဒဏ်ရာရသူသည် Takoyamaဖြစ်သည်။

သူတို့မျက်စိရှေ့တည့်တည့် အရှိန်ဖြင့်ဝိုက်ကွေ့လာသော ကားကိုရှောင်ရန် ကတ္တရာလမ်းမထက်မှ ဘေးဘက်ဆောက်လက်စ အဆောက်အအုံရှိရာသို့ ဝိုက်ချလိုက်သော်လည်း ဟန္ခ်က္ပ်က္ကာ လမ်းဘေးမြောင်းအကြီးထဲ ထိုးကျသွားသည်။

စက်ဘီးနှင့်လူသီးခြားစီဖြစ်သွားပေသော်လည်း Takoyamaသည် မင်းခွန်မှိုင်းကိုယ်နှင့်ဦးခေါင်းကို အတတ်နိုင်ဆုံးကာကွယ်ပွေ့ပိုက်ကာ အောက်မှအနာခံလိုက်သည်။ မိုးရွာသွန်းမှုရှိခဲ့သဖြင့် မြေသည်ပျော့၍နေပါသော်လည်း ချွန်ထွက်ထိုးထောင်နေသော ရွှံနစ်ကျောက်တုံးသည် မင်းခွန်မှိုင်းဦးခေါင်းအား ကိုင်တွယ်ကာကွယ်ပေးထားသော Takoyamaလက္ဖ်ံရိုးကို အမြောင်းလိုက်ခွဲချလိုက်လေသည်။

သွေးပူနေတုန်းမို့ ဒဏ်ရာကို သတိမထားမိသည်လားမသိ။ မင်းခွန်မှိုင်းကိုပင်ပွေ့ထူကာ ဘယ်နားထိသွားသည်လဲ စိုးရိမ်တကြီးမေးရှာသည်။ အနည်းငယ်ပွန်းပဲ့၍ ရွှံ့ပေသွားရုံမှအပ ထူးထူးခြားခြား ဒဏ်ရာမရှိသည်ကို သိရကာမွ သက်ပြင်းလေးချသည်။ ရွှံအိုင်ထဲတတောက်တောက် ကျဆင်းနေသော သွေးစက်တို့ကို မင်းခွန်မှိုင်းဦးစွာသတိထားမိသွားသည်။ ဓားနှင့်အသားကိုခွဲချလိုက်သလို ကွဲနေသောအက်ကြောင်းမှ ဆက်တိုက်ကျနေသော သွေးစက်များ။ လက်ပိုင်ရှင်သည် Takoyama....။

"ငါ့တူတို့၊ ဘာဖြစ်သွားကြသေးလဲ"

ကုန်ကားပိုင်ရှင်သည် ကားပေါ်မှဒရောသောပါးဆင်းချလာသည်။ ပတ်ဝန်းကျင်မှ လူတချို့လည်းထွက်လာကြပြီး မြောင်းထဲမှ သူတို့နှစ်ဦးကိုဆယ်ယူကာ ဆေးရုံပို့ဖို့ပြောကြ၊ ကားသမားကို အပြစ်တင်ကြဖြင့် ဆူဆူညံညံဖြစ်သွားသည်။

Sakura PresentWhere stories live. Discover now