Part 20

829 154 50
                                    

Unicode

နားစည်ဝအတွင်း တိတိကျကျဝင်လာသည့် တရှုံ့ရှုံ့အသံကြောင့် Takoyamaနိုးသွားသည်။ အိပ်မှုန်စုံဝါးဖြင့် မျက်လုံးကိုပွတ်ပြီး အသံလာရာကိုရှာဖွေတော့ မင်းခွန်မှိုင်းမျက်လုံးတွေရဲပြီး နှပ်ချေးတွေဆက်တိုက်ညှစ်ကာ မျက်နှာရှုံ့မဲ့မဲ့ဖြစ်နေခြင်းဖြစ်သည်။ Takoyamaတီဗွီကို တစ်ချက်လှမ်းကြည့်လိုက်သည်။ Ashက လေဆိပ်ရောက်နေပြီဖြစ်သည့် Eijiထံသို့ ပြေးသွားနေချိန်ဖြစ်သည်။ Takoyamaသိလိုက်ပြီ။ မင်းခွန်မှိုင်း သည့်ထက်ပိုပြီးငိုရတော့မည်။

ပေါင်ပေါ်အိပ်နေရာမှ ဆတ်ခနဲထလိုက်ပြီး မင်းခွန်မှိုင်းမျက်နှာကိုကြည့်လိုက်သည်။ အမှန်တကယ်ကို ငိုနေခြင်းဖြစ်သည်။ စားပွဲပေါ်မှ တစ်ရှူးလိပ်ကြီးလည်း တစ်ဝက်ကျိုးနေပြီဖြစ်သည်။ နောက်ဆုံးပိုင်းကို ကြည့်ရင်း နှပ်များညှစ်ကာ Takoyamaအား တစ်ချက်ကြည့်လိုက်သေးသည်။ ပြီးမှ မျက်နှာကပိုမဲ့သွားကာ မျက်ရည်တွေကို အကျႌလက်ဖြင့် ဆွဲသုတ်တော့သည်။ နောက်ဆုံးအဆုံးသတ်သီချင်းလာနေချိန်မှ Takoyamaဘက်ကိုလှည့်ပြီး "Ash မေသဘူးမလား"ဟု မေးသည်။

"မင်းခွန်မှိုင်း-စံကလည်း..."

သူမည်သို့နှစ်သိမ့်ရမှန်းမသိပါ။ Takoyamaကိုယ်တိုင်လည်း Banana Fishကြည့်စဉ်အခါက မျက်ရည်ကျခဲ့ဖူး၏။ မင်းခွန်မှိုင်းကလည်း သူ့လိုမျိုး ဇာတ်ကားထဲစိတ်နှစ်ပြီးကြည့်ပုံရသည်။ ထို့ကြောင့် တခြားသူထက်ပို၍ခံစားရတတ်သည်။

"Ashကိုငါတကယ် သဘောကျပါတယ်ဆို၊ ဘာလို့လဲ"

သူမလိုမကျလျှင် မျက်မှောင်ကတော့ ကြုတ်စမြဲပင်။

ဆံပင်အဝါရောင်ဖြင့် Ashကိုသဘောကျသတဲ့လား။ Ashပုံစံကလည်း သေဘာက်စရာကိုး။ မည်မျှပင် လူတွေသတ်နေစေဦးတော့ Eijiနှင့်ဆို သာမန်လူငယ်လေးတစ်ယောက်ကဲ့သို့ပင်။ Eijiကိုကာကွယ်ပေးချင်ရှာသော ကောင်လေးတစ်ယောက်။ ဖြတ်သန်းခဲ့ရသည့်ဘဝကလည်း ကြမ်းတမ်းလွန်းသည်။ အဖိုးကြီးတစ်ယောက်၏မွေးစားခြင်းကိုခံရပြီး ငယ်ငယ်ကတည်းကပင် ခြေတော်တင်ခံခဲ့ရ၏။ မြေအောက်ဂိုဏ်းတစ်ခု၏ခေါင်းဆောင်အဖြစ်လည်း ရှိခဲ့ပြန်သည်။ Eijiဆိုသည့် ဂျပန်ကောင်လေးနှင့် တွေ့ကာမှ သူ၏ပုံစံ၊ သူ၏စိတ်များကို ထုတ်ဖော်ပြသတတ်သည့်ကောင်လေး။ သည်လိုမျိုး Ashကို မင်းခွန်မှိုင်းသဘောကျတာ ဆန်းလှသည်တော့မဟုတ်ချေ။

Sakura PresentWhere stories live. Discover now