Part 21

708 142 29
                                    

Unicode

အေးချမ်းလှသော ဘုရားရိပ်၊ တရားရိပ်တွင် မိခင်နှင့်အတူ ခိုလှုံပြီးနောက် ငါးဆင့်ချိုင့်ကြီးဆွဲလျက် မိခင်အနောက်မှလိုက်ကာ ဘုန်းကြီးကျောင်းအတွင်းမှ ထွက်လာခဲ့တော့၏။ ဝတ်လေ့ဝတ်ထမရှိသော ယောပုဆိုးအနီ၊ ရှပ်ကြယ်သီးတပ်အဖြူကို ဝတ်ရထားသည်မှာ နေရထိုင်ရ အနည်းငယ်တော့ဒုက္ခရောက်၏။

"မေမေ ဒီနေ့ဘာလို့ ဘုန်းကြီးကျောင်းလာသလဲ သားသိလား"

ငစိုင်းသိပါ၏။ သည်နေ့သည် ဖေဖေဆုံးသည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ သူနှင့်မိခင်အား မပူမပင် မကြောင့်မကျနေနိုင်အောင် ကြိုးစားပေးခဲ့သောဖခင်အား သူချစ်ခင်ပါ၏။ နှစ်တွေချီကာ အကြာကြီးအတူတူမနေခဲ့ရပေလင့် သူ့ဖခင်၏ စေတနာ၊ မေတ္တာတို့ကို သူနားလည်ပါ၏။

"ဖေဖေဆုံးတာ တော်တော်ကြာခဲ့ပြီပဲနော် မေမေ"

"အင်း...၉နှစ်ရှိပြီ သားရဲ့"

ဒါတောင် မေမေကနှစ်စဉ်နှစ်တိုင်း မပျက်မကွက် ဖေဖေ့အတွက်ဒါနကုသိုလ်ပြုစမြဲပင်။ နေ့စဉ်နေ့တိုင်း ဘုရားရှိခိုးသည့်အခါ ဆုတောင်းစကားတိုင်းမှာလည်း ဖေဖေ့အတွက် ပါမည်ဆိုတာ ဧကန်မုချပင်ဖြစ်သည်။

"သား ဖေဖေနဲ့မေမေ့ကို မိဘေတြက သေဘာတူခဲ့တာမဟုတ္ဘူး သားရဲ့"

မေမေက သည်အကြောင်းကို သတိရတိုင်းပြောတတ်သည်။ ငစိုင်းကလည်း မေမေပြောသည့်အခါတိုင်း နားထောင်ပေးစမြဲဖြစ်သည်။

"လူတွေကငယ်ငယ်နဲ့ စိတ်ကစားတယ်ပဲ မှတ်ကြတာ၊ အထူးသဖြင့် မေမေပေါ့၊ မေမေက အဲ့တုန်းကဒုတိယနှစ်ပဲ ရှိသေးတာလေ၊ သားဖေဖေကကျ မေမေ့ထက်ငါးနှစ်လောက်ကြီးတယ်၊ ကျောင်းတော့မပြီးရှာဘူး၊ ဒီလိုပဲ ကံတရားကတွေ့ဆုံပေးတော့ တွေ့ဖြစ်ကြပြီး ဖူးစာဆုံမိကြတာပေါ့၊ သားဖေဖေက ကျောင်းမပြီးခဲ့၊ မချမ်းသာခဲ့ပေမဲ့ တကယ်ကြိုးစားတဲ့သူပါ၊ ဒါပေမဲ့ မေမေတို့မိဘတွေအနေနဲ့ ဘယ်သဘောတူချင်ပါ့မလဲ၊ ပညာတတ်ဖြစ်မှ အတန်းပညာအောင်မှ လူတော်လူတတ်လို့ သတ်မှတ်ချင်တာက ခပ္မ်ားမ်ားမဟုတ္လား၊ တကယ်တော့ ကိုယ့်တကယ်ဇောက်ချလုပ်မယ့်အရာကို တစိုက်မတ်မတ်ကြိုးစားရင်လည်း အောင်မြင်ကြတာပဲ မဟုတ္ဘူးလား"

Sakura PresentWhere stories live. Discover now