Part 28

713 138 56
                                    

Unicode

သန်းခေါင်ကျော်ညဥ့်နက်သည်အထိ ပေးသည့်ဒုက္ခပါလေ။ ချစ်ဒုက္ခဆိုတာမျိုးပေါ့။ ဟုတ်ပါရဲ့...အနမ်းလေးတစ်ပွင့် ပါးပြင်ခြွေခံလိုက်ရသည်ကို အိပ်ရာထဲတလူးလူးတလှိမ့်လှိမ့်ဖြင့် တွေးတွေးပြီးကြည်နူးနေရသည်။

"လူဆိုးကောင်...ငါ့ကိုညာနမ်းသွားတယ်"

လေသံခပ်တိုးတိုးလေးဖြင့် အပြစ်တင်စကားဆိုပြီး ကျေနပ်ပြုံးကြီးပြုံးမိပြန်သည်။ ချစ်စခင်စအချိန်ဟာ ရင်ခုန်စရာအကောင်းဆုံး၊ ပျော်စရာအကောင်းဆုံးအချိန်ပင်။ နောက်ပိုင်းများတွင်ကား ရင်ခုန်ကြည်နူးစရာဆိုသည်ထက် တစ်ဦးကိုတစ်ဦး တန်ဖိုးထားခြင်း၊ နားလည်ခြင်းဆိုသည့်အရာများဖြင့် ဆက်သွားကြရမည်ဖြစ်သည်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရှက်ရခြင်းများမှတစ်ဆင့် မျက်လုံးကိုကြည့်ရုံနှင့် တစ်ယောက်ခံစားချက်ကိုတစ်ယောက် နားလည်ကြရတော့မည်။

မည်သို့ပင်ဖြစ်စေ Takoyamaနှင့်ဆုံတွေ့ရခြင်းကို ကံကောင်းခြင်းဟု သတ်မှတ်ရလေမည်။ Takoyamaနှင့်သာဆိုလျှင် အရာရာကိုရင်ဆိုင်ရဲသည်ဟု ခွန်အားတစ်ခုပင်ရှိလာခဲ့သည်။ သူ့အနာဂတ်ရည်မှန်းချက်များတွင်လည်း Takoyamaသည် လက်တွဲပါလာခဲ့ပြီဖြစ်သည်။

ဪ...ချစ်ရတာဒီလိုပါလားဟု တွေးမိအောင် သူချစ်တတ်ခဲ့ပြီ။ အချစ်ခံရတာဟာလည်း ဒီလိုပါလားဟု တွေးမိအောင်ပင် Takoyamaကဂရုစိုက်ပေး၊ ချစ်ပေးခဲ့သည်။ သို့သော် သူချစ်သည်ကိုတော့ Takoyamaကဲ့သို့ ထုတ်မပြနိုင်ပါ။ လက်လွှတ်ဆုံးရှုံးခံလိုက်ရသည့် ဂျပန်မချောချောလေးများအတွက် သူယခုအထိ ရင်ထဲမချိမဆန့်ခံစားရဆဲပင်။

အမှန်တကယ်အိပ်ပျော်ဖို့ကြိုးစားရန် ဆုံးဖြတ်ပြီးနောက် အရင်ဦးဆုံး အပေါ့သွားဖို့ရာထလိုက်သည်။ မဟုတ်လျှင် အိပ်ပျော်ကာနီးကျ သင်းကဒုက္ခပေးလွန်းလို့။ ကျော်ကြီးတစ်ကောင်အိပ်နေပြီဖြစ်တာကြောင့် အခန်းမီးမဖွင့်တော့ဘဲ ဖုန်းမီးလေးသာဖွင့်ပြီး ကိစ္စသွားရှင်းသည်။ ကိစ္စရှင်းပြီးပြန်ထွက်အလာ ပြတင်းပေါက်မှ တတောက်တောက်မြည်သံကြောင့် ဒူးတစ်ချက်တုန်သွားမိသည်။ သရဲခြောက်တာများလားဟုတွေးမိလေလေ ဒူးကပိုတုန်လာလေလေဖြစ်သည်။

Sakura PresentWhere stories live. Discover now