Part 38

808 131 29
                                    

Unicode

ချွေးစက်များနစ်နေသော အကျႌကိုလဲပြီးနောက် ကင်မရာများရှိရာထံသို့ လေပြေဦးပြန်သွားရပြန်သည်။ Cosplayအလုပ်ကလည်း မလွယ်လှ။ ဝတ်စုံတွေက ပူပူလောင်လောင်ကခပ်များများဆိုကာမှ ဆက်တိုက်ကိုခိုင်းရက်သော ဘုန်းကျော်စွာဆိုသည့်လူကြီးအား မေတ္တာပို့မိသည်။ သေဘာက်တာ ကြိုက်တာမှန်ပေမဲ့ အလုပ်ရှင်အနေနှင့်တော့ တစ်စက်မှမေတ္တာမရှိ။

"လေပြေ...ပင်ပန်းနေပြီလား"

ရေဘူးအား တစ်ဝက်ကျိုးအောင်မော့သောက်ပြီးမှ ကိုဘုန်းကျော်စွာ့ကို မကျေမနပ်တစ်ချက်ကြည့်လိုက်သည်။

"မြန်မာပြည်လေးခဏပြန်မိပါတယ်၊ အလုပ်အကြွေးပေါင်းထားသလားထင်ရအောင် ခိုင်းတော့တာပဲ၊ ခင်ဗျားက မိုက်တော့မမိုက်ဘူးနော်..."

ထိုသို့ပြောလျှင်လည်း တဟားဟားသာရယ်ပြီး ထို့ထက်ပို၍ မတုန့်ပြန်။

"ဟိုကောင်လေးတွေ မြန်မြန်ပြန်လာမှပါ၊ မဟုတ်ရင် ဒီဘဲခိုင်းပေါက်နဲ့ လေပြေဦးကတော့ မုန်တိုင်းဘဝပြောင်းပြီး လစ်ပြေးမိတော့မှာ..."

"အဲ့လိုတော့မလုပ်လိုက်ပါနဲ့ လေပြေရယ်...၊ ကိုယ့်မှာအားကိုးစရာ ပခုံးတစ်ဖက်ပြုတ်သွားပါ့မယ်၊ မင်းမရှိလို့မဖြစ်ဘူးကွ"

"ခိုင်းစားဖို့အတွက်များ မင်းမရှိမဖြစ်ဘူးတဲ့..."

"သိပ်ညည်းပြမနေနဲ့၊ ညစာလိုက်ကျွေးမယ် ပြောထားတယ်လေ၊ တာဝန်ကျေအောင်လုပ်မှပေါ့..."

"ဟုတ်ကဲ့ပါ ကိုဘုန်းကျော်စွာခင်ဗျား...."

ရွဲ့တဲ့တဲ့ပြောပြီး ချွေးသုတ်ကာ ကင်မရာရှေ့ပြန်ရောက်သွားသော လေပြေဦးကို ကိုဘုန်းကျော်စွာလက်ပိုက်လျက် ကြည့်နေမိသည်။ သူနဲ့တွဲလုပ်ဖူးသမျှထဲ အချိန်အကြာဆုံးရှိနေသူမှာ လေပြေဦးတစ်ယောက်တည်းပင်။ အကုန်လုံးက နေရာတစ်ခုရလျှင် သူ့ကိုထားခဲ့ပြီး ကိုယ့်လမ်းကိုယ်လျှောက်သွားကြတာမဟုတ်လား။ လေပြေဦးကတော့ သူနှင့်ပင်ဆက်လျှောက်သည်။ လျှောက်ရသည့်အကြောင်းအရင်းကိုလည်း သူသိခဲ့ပြီဖြစ်သည်။

တစ်ရက်ကပဲ သူနှင့်အတူအရက်သောက်ရင်း သူ့အားပေါက်ကွဲပြခဲ့သည် မဟုတ်ပါလား။ "ခင်ဗျားက ကျွန်တော်ကလွဲရင် အကုန်လုံးကိုမြင်တယ်၊ ကြိုက်တယ်၊ ကျွန်တော့်ကျ ဘာလို့မကြိုက်လဲ"တဲ့။ ဟုတ်ပါရဲ့။ ဘုန်းကျော်စွာဆိုသောလူဟာ ကိုယ့်ကိုမမြင်ချင်၊ မလိုချင်တဲ့လူတွေကိုမှ တွယ်ကပ်ခဲ့ဖူးတာပဲ။ နောက်ဆုံး သူတို့ကရှောင်ဖယ်ပြီးအလုပ်ထွက်တဲ့အပြင် အကြောင်းပြချက်က ကိုယ်ကမိန်းမလိုခဏခဏ Cosခိုင်းလို့ပါတဲ့။ နောက်ဆုံး နာမည်ပျက်ရတာ ဒီကလူပါပဲ။

Sakura PresentWhere stories live. Discover now