Part 31

759 139 19
                                    

Unicode

Rubyအမည်ရှိ ကြောင်လေးအား ပတ္တမြားတုံးတစ်တုံးကိုင်သလို နူးနူးညံ့ညံ့၊ ဂရုတစိုက်ပွေ့ကိုင်မိသည်။ သူ့လက်ကိုခေါင်းလေးတိုးတိုးပြီး ဂရုစိုက်ကြင်နာမှုကို ခံယူတတ်သောကြောင်လေး။ သိပ်ကိုချစ်ဖို့ကောင်းတာ။ ငစိုင်းလည်းတစ်ခါတရံ ကြောင်လေးဖြစ်သွားတတ်တာပါပင်။ အထူးသဖြင့် ကိုသာ့အနားမှာပေါ့။ ကိုသာ့ရဲ့ဂရုစိုက်ကြင်နာမှုကို ခံယူတတ်သည့်ကြောင်လေး။ တကယ့်စင်စစ်ကြောင်တစ်ကောင်ဖြစ်သွားလျှင်လည်း ကောင်းပါ၏။ သည်လိုဆို ပတ်ဝန်းကျင်ဆိုသောအရာကို သူဂရုမစိုက်ဘဲ ချစ်ရသူရင်ခွင်၌ အားပါးတရတိုးဝင်နိုင်လိမ့်မည်။

"သား...သွားတော့လေ၊ ဟိုမှာစောင့်နေကြဦးမယ်၊ အဲ့ကြောင်ကိုချတော့.."

မေမေ့နှိုးဆော်သံကြောင့် Rubyလေးအား ဘေးနားခပ်သာသာချပြီး Luggage ကိုလှမ်းဆွဲကာ ဆိုဖာမှထလေတော့ Rubyလေးကသူ့ပေါင်ကိုခေါင်းတိုးဝှေ့ပြန်သည်။

"Rubyလေးကိုဂရုစိုက်ပေးဦးနော် မေမေ၊ မေမေလည်း ကျန်းမာရေးဂရုစိုက်"

"အမေလး...ဂရုစိုက်ပါ့မယ်ရှင်၊ ကိုစိုင်းဝေယံတို့ကတော့ စိုးရိမ်တတ်တာ အရမ်း..."

"ဂရုစိုက်တာပါ မေမေရဲ့"

ချစ်ခြင်းမေတ္တာဆိုတာက ဂရုစိုက်ခြင်းတွေနှင့် ပြသရတာမျိုး။ သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ဂရုစိုက်ရတာ၊ ဂရုစိုက်မိတာ။ ကိုယ်ဘယ်လိုနေရနေရ၊ ချစ်တဲ့သူကိုတော့ အကောင်းဆုံးအနေအထားမှာပဲ မြင်ချင်တာ။

"သွားတော့ ငါ့သားလေး၊ လမ်းခရီးမှာဂရုစိုက်ဦး၊ လူကြီးတွေနဲ့ဆိုတော့ အနေအထိုင် အပြောအဆိုထိန်း၊ ကြားလား"

မေမေရဲ့မှာတမ်းခြွေစကားကို နားထောင်ပြီး သူအိမ်မှထွက်ခဲ့သည်။ အိမ်ပေါက်ဝ၌ မိခင်ကတော့ Rubyလေးဘေးနားထားလျက် ငစိုင်းကိုလှမ်းကြည့်လို့....။

အိမ်တံခါးဝပင်မရောက်သေး မင်းခွန်မှိုင်း၏အသံစာစာ စာစာကို ကြားနေရပြီဖြစ်သည်။ ယနေ့နေ့လယ်မှရောက်လာသော အဘွားဖြစ်သူထံ ကပ်ချွဲပြီး ပူဆာတိုင်တောခြင်းတာဝန်များအား ထမ်းရွက်နေလေသည်။

Sakura PresentWhere stories live. Discover now