Part 26

738 139 44
                                    

Unicode

"ဆိုတော့...မင်းက တွဲဖို့သဘောတူလိုက်ပြီပေါ့၊ ဟုတ္လား"

အသင့်စားခေါက်ဆွဲကို အလုပ်ကြီးကြီး သွတ်သွင်းရင်း ခေါင်းညိတ်ပြလိုက်သည်။ ကျော်ကြီးတော့ဖြင့် ခေါင်းတယမ်းယမ်းလုပ်မိတော့၏။ တခြားသူနှင့်တွဲမည်စိုးသဖြင့်၊ သူ့အားဂရုမစိုက်တော့မည်စိုးသဖြင့် တွဲဖို့သဘောတူလိုက်သည်တဲ့။ ဘယ်လောက်များ ဆိုးရွားလိုက်သလဲ။

"ငါ ဒင်းကိုပြောခဲ့သေးတယ်၊ ငါကကောင်လေးလုပ်ပေးမှာမို့လို့ တခြားလူနဲ့ဒိတ်တယ်ကြားရင် ခေါင်းဖြတ်ပစ်မယ်လို့"

တခြားလူတွေ ရည်းစားဖြစ်ဖြစ်ချင်းဆိုလျှင် ကြည်နူးကြ၊ သာယာကြ၊ အနုအရွလေးတွေပြောကြဖြင့် လုပ်ပေမဲ့ မင်းခွန်မှိုင်းဆိုသည့် သတ္တဝါကတော့ ခေါင်းဖြတ်မည်ဟု ဆိုခဲ့သည်တဲ့...။

"Tako-kunတော့ သနားပါတယ်..."

ခေါက်ဆွဲကိုတူဖြင့်မွှေရင်း ကျော်ကြီးခပ်ညည်းညည်းဆိုမိတော့သည်။ Takoyamaတော့ မင်းခွန်မှိုင်းခိုင်းဘက် ဖြစ်ချေတော့မည်။ ညစာစားပြီးသဖြင့် animeကြည့်ရန် လပ်တော့ပ်ဖွင့်စဉ် ချစ်စွာသောမာမီမားသားထံမှ ဖုန်းဝင်လာလေသည်။

"ဟုတ်ကဲ့...အမိန့်ရှိပါ၊ ဘယ္သူပါလဲ"

မအေဖြစ်သူကို ဖုန်းစကိုင်ကတည်းက စမိပြန်သည်။ မစဘဲလည်းမနေနိုင်။ ထစ်ခနဲရှိ လက်ပါတတ်သောမေမေ့အား ဖုန်းထဲမှစရသည်ကို မင်းခွန်မှိုင်း အင်မတန်မှသဘောကျသည်။ မင်းခွန်မှိုင်းကို ရိုက်ချင်ပါလျက် ဖုန်းထဲမှာမို့ မရိုက်ရ၍ မကျေမချမ်းဖြစ်မည့် မိခင်မျက်နှာတွေးတွေးပြီး ခွီရသည်မှာလည်း မင်းခွန်မှိုင်းအလုပ်ပင်ဖြစ်သည်။

"ဪ...မင်းကမင်းနေချင်တဲ့ဂျပန်မှာ နေနေရပြီဆိုတော့ မအေတောင် မေ့ပစ်တော့မယ်ပေါ့ ဟုတ္လား၊ မွေးရကျိုးနပ်တဲ့ အကောင်..."

မင်းခွန်မှိုင်းမှာ တခွိခွိရယ်ပြီးကို ကြမ်းပြင်တွင် လူးလှိမ့်နေသည်။

"သားကို ဘာတွေဆူဖို့ဆက်တာလဲ ပြော"

"အေး...အစကေတာ့ ဆူမလို့မဟုတ်ဘူး၊ အခုတော့ ဆူချင်သွားပြီ မင်းခွန်မှိုင်းရေ၊ မအေကို မင့်သူငယ်ချင်းမှတ်နေလား"

Sakura PresentWhere stories live. Discover now