Part 12

788 151 40
                                    

Unicode

လေဆိပ်ဆင်းဆင်းချင်း ဒေဝါမိုးကစတင်ကြိုဆိုလေသည်။ လာကြိုမည့်သူမရှိတာမို့ တက္ကစီတစ်စီးငှါးပြီး ပြင်ဦးလွင်သို့ ခရီးနှင်ရပြန်သည်။ မန္တလေးမှ ပြင်ဦးလွင်ခရီးက မဝေးပေမဲ့ မိခင်ဖြစ်သူ၏ ကျန်းမာရေးမှာ သိပ်မကောင်းလှတာမို့ ငစိုင်းကိုယ်တိုင်လာမကြိုခိုင်းခဲ့ခြင်းဖြစ်သည်။ ကိုယ့်ပြည်ကိုယ့်မြေကိုပြန်ခြင်းမို့ အထွေအထူးကြိုရန်မလိုဟုလည်း တွေးမိသည်။ ကားမှန်တွင် တင်နေသော ရေစက်များနှင့် သည်းသောမိုးကြောင့် ပတ်ဝန်းကျင်သည် မှိုင်းရီနေသလို သူ့စိတ်သည်လည်း ဝေဝါးနေသည်။

အိမ်အရင်မပြန်ဘဲ ကိုသာ့ကိုအရင်တွေ့ချင်နေတာကြောင့် မည်သို့လုပ်ရပါ့။ ခရီးပန်းတာတွေ ဘာတွေမတွေးနိုင်။ ကိုသာ့အကြောင်းများသည်သာ စိုးမိုးလျက်။ ကိုသာယခုဆို အလုပ်တွင်ရှိနိုင်မည်ပ။ သူတွေ့ချင်လျှင်တောင် ကိုသာက မည်သည့်နေရာတွင် လုပ်ငန်းခွင်ဝင်နေသလဲမသိခဲ့။ ထို့ကြောင့် မတွေ့နိုင်ပါလေ။

မန္တလေးတွင်သာမက ပြင်ဦးလွင်အထိ ကူးစက်ရွာသွန်းနေသော ဒေဝါမိုးအား နားကြပ်လေးတပ်ရင်း သီချင်းလေးတစ်ပုဒ်ဖြင့် မိတ်ဖက်ပေးခဲ့သည်။

တေးသံရှင်ဖြိုးပြည့်စုံ၏ လရိပ်သီချင်းမှ သံစဉ်သည် စတင်မျောလွင့်လာသည်။

~ဒါနှလုံးသားရဲ့ဆန္ဒ
မုသားကင်းတဲ့စကားပါ

လူတွေမေးငေါ့ကြရင်လည်း
ငါကျေနပ်လို့ ပြုံးနေမယ်

ငါစတေးဖို့ အသင့်ပါပဲ~

ငစိုင်း ချည့်နဲ့နဲ့ လိုက်ပြုံးလိုက်မိသည်။

~ နင်လုပ်သင့်တာလုပ်ပါ
ငါ့ဘက်လှည့်မကြည့်နဲ့လေ

ဘောင်ခတ်မထားတဲ့အချစ်တွေနဲ့
ရှင်သန်မယ့်နေရက်တွေထဲ

အရောင်မဆိုးဘဲချစ်နေမယ်~

~ မဖြစ်နိုင်တာတွေပဲ
တောင့်တရင်းလေ

မင်းစေတနာတွေနဲ့ အချစ်နတ်သက်ကြွေ
ဒီကမ်ဘာမြေထဲမှာ မင်းရှိတဲ့နေရာ
ကန့်သတ်နယ် တစ္ခု.....ငါမေနဘူး~

ဤအပိုဒ်ကိုလိုက်ညည်းရင်း စာသားတွေက သူ့ကိုလှောင်ရယ်နေသလိုလို။ သူမရှိတဲ့အရပ်မှာ မနေနိုင်လို့ ရှိတဲ့အရပ်ဆီ ပြန်လာမိသူလေ။

Sakura PresentWhere stories live. Discover now