WBTY - 6

5.5K 679 27
                                    

ဒီနေ့ Jungkook တစ်ယောက် မိဘအိမ်ပြန်ရောက်နေခဲ့သည်။ ဧည့်ခန်းထဲမှာ သက်သောင့်သက်သာထိုင်နေချိန် မျက်နှာချင်းဆိုင်က အိပ်ခန်းထဲမှ ဖခင်ဖြစ်သူက ထွက်လာသည်။ Jungkook ကို ကိုယ်စားလှယ်အဖြစ်ခန့်အပ်ပေးပြီးကတည်းက ကုမ္ပဏီနဲ့ ဝေးနေသော ဖခင်က စိတ်ဖိစီးမှုတွေမှ လွတ်မြောက်သွား၍လားမသိ ကျန်းမာဝဖြိုးလို့ပင်။ မတွေ့ရတာကြာပြီဖြစ်တာကြောင့်လားတော့မသိ မျက်နှာကလည်း ပိုပြီး ကြည်လင်နေသလိုလို။ ဆိုဖာခုံမှာ ဝင်ထိုင်လိုက်တော့ မီးဖိုခန်းထဲက ထွက်လာတဲ့ မိခင်က လက်ဖက်ရည်ခွက်တစ်ခုကို ချပေးပြီး မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်သည်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ကြည်နူးနေတဲ့ စုံတွဲကို ကြည့်ရင်း Jungkook နှုတ်ခမ်းတွေပြုံးလို့။

'ကောင်းလိုက်တာ'

ဖခင်က Jungkook ကို လှည့်ကြည့်လာပြီး

'မနာလိုဖြစ်နေတာလား'

'ဒါပေါ့။ စာရွက်စာတမ်းတွေကြားတစ်ချိန်လုံး မျက်နှာအပ်နေရတာကို အားလပ်ချိန်ရနေတဲ့သူတွေကို အားကျတာတော့ အမှန်ပေါ့'

'ပင်ပန်းလား'

'ပျော်ပါတယ်'

ဖခင်နဲ့က ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြသည်ဖြစ်၍ အပြန်အလှန်စကားနာထိုးကြတာက ပုံမှန်ဖြစ်စဉ်တစ်ခုလိုပဲ။ မိခင်ကလည်း ဘေးမှာထိုင်ပြီး ခင်ပွန်းဖြစ်သူနဲ့ သားငယ်အားကြည့်ကာ တပြုံးပြုံးနဲ့ပါပင်။

'ဒါတောင် မင်းကို စာရွက်စာတမ်းတွေပဲ လွှဲထားပေးတာ။ လူအိုကြီးတွေနဲ့ စကားပြောရတာတွေ မပါသေးဘူး'

ဟုတ်ပါသည်။ CEO နေရာကို ဖခင်က နေရာယူထားသေးသဖြင့် ရှယ်ယာရှင်တွေနဲ့ စကားပြောဆက်ဆံနေရဆဲဖြစ်သည်။ သားနှစ်ယောက်ရှိသော်လည်း လုပ်ငန်းကို လုနေတာမျိုးမဟုတ်ဘဲ တစ်ယောက်တစ်လမ်းစီ ရွေးချယ်သွားပြီဖြစ်လို့ လုပ်ငန်းက သေချာပေါက် Jungkook တစ်ယောက်တည်း ချုပ်ကိုင်ရတော့မှာမျိုးဖြစ်သည်။ ဒါပေမဲ့ ဖခင်က သူ့ကို လုံးဝယုံကြည်စိတ်ချဟန်မရှိသေး။ ဒါလည်း တစ်မျိုးကောင်းတာပင်။ သူ့ထက်ကြီးတဲ့ လူတွေကို သည်းခံပြီး စကားတွေအများကြီး ပြောနေစရာမလိုတော့ဘူးပေါ့။

Way Back To You (completed)Where stories live. Discover now