WBTY - 26

4.1K 486 39
                                    

ပတ်၀န်းကျင်ဆိုတဲ့အရာက တစ်ခါတစ်ခါတော့လည်း စိတ်ပျက်စရာ သိပ်ကောင်းလွန်းပါ၏။ ကိုယ်ဘ၀နဲ့ကိုယ်၊ ကိုယ်ခြေနဲ့ကိုယ် လျှောက်တဲ့လှမ်းမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ နေလို့မရ။ သူတစ်ပါးရဲ့ ဘ၀နေထိုင်မှုအပေါ် အကောင်းနည်းနည်း အဆိုးများများဖြင့့် ဝေဖန်ချင်ကြသည်။ မျက်စိဒေါက်ထောက်ကြည့်၍ အပြစ်ဆိုချင်ကြသလို အားနည်းချက်တွေ့လျှင် ဖိနှိပ်ချင်ကြတာ လူ့သဘာ၀။
ထိုကဲ့သို့သော လူ့ပတ်၀န်းကျင်ကြီးထဲမှာ ကိုယ်ဟာ လူထုရှေ့မျက်နှာပြပြီး အလုပ်လုပ်ရသူ တစ်ဦးသာ ဖြစ်နေခဲ့ပါလျှင် သေချာပါ၏။ ဝေဖန်ကဲ့ရဲ့မှုတွေက အဆပေါင်းများစွာ ပိုလာပါလိမ့်မည်။

အခြေအနေအရပ်ရပ်အပေါ်  ရင်ဆိုင်‌ေဖြရှင်းဖို့ နည်းလမ်းကို နှစ်ဦးနှစ်ဖက် သဘောတူပြီးနောက် Jungkook နဲ့ Jimin က တုန်လှုပ်‌ခြင်‌းတွေမရှိဘဲ အေးအေးဆေး‌ေ‌ဆး။ မအေး‌ေ‌ဆးနိုင်သည်က ဘေးလူတွေပင်။
STAR A ကုမ္ပဏီထဲ ခြေချမိတာနဲ့ သန့်ရှင်‌းရေး၀န်ထမ်းပါမကျန် အားလုံးရဲ့ အာရုံတွေက သူတို့နှစ်ယောက်အပေါ်မှာသာ သက်ရောက်နေလေ၏။ လက်တလောမှ သတင်းထွက်ထားတဲ့ ကာယကံရှင် နှစ်ဦးကို ဒီလို အတူယှဉ်တွဲမြင်လိုက်ရတော့ တစ်ချို့က အံ့အားသင့်နေကြလျက်။ တစ်ချို့ကလည်း သတင်းတွေက အမှန်ဆိုတာကို တစ်ဖက်လှည့်နဲ့ နားလည်ပစ်လိုက်ကြပြီ။ ချစ်သည်ကြိုက်သည်လို့ စွပ်စွဲခံထားရတဲ့ လူနှစ်ဦးက အမှန်တကယ် ချစ်ကြိုက်မနေကြပါဘဲ လူတွေရှေ့ အတူတွဲလာမတဲ့လား။ ဒီလို ကားတစ်စီးတည်းနဲ့လေ။

ကျွက်စီကျွက်စီထွက်နေတဲ့ အသံတွေနဲ့ အကဲခတ်တဲ့ အကြည့်တွေကို လျစ်လျူရှုထားသူ နှစ်ယောက်က ခြေတစ်‌လှမ်းတောင် ယိမ်းယိုင်ခြင်းမရှိ။

'မင်္ဂလာပါ ကိုယ်စားလှယ်'

မျက်မှန်ကိုင်းလေးကို ပင့်တင်ရင်း နှုတ်ဆက်လာတဲ့ Jack ကို Jungkook က ခေါင်းညိမ့်ပြလိုက်သလို Jimin ကလည်း မင်္ဂလာပါ၊ဟု တုန့်ပြန် နှုတ်ခွန်းဆက်သည်။

Jimin ကို သက်သာရဲ့လား မေးချင်ပေမဲ့ Jack ထုတ်‌မမေးဖြစ်။ ဘာသတင်းမှ မထွက်ချင်လို့ အမှုကိစ္စကိုတောင် လူမသိအောင် ဖြေရှင်းခဲ့သည်ပင်။ ဒီလို လူအများအာရုံစိုက်နေခံနေရတဲ့ အချိန်မှာမို့ Jack ပိုပြီး ဆင်ခြင်ရပေမည်။
သုံးယောက်သား ဓာတ်လှေကားထဲ ရောက်သွားကြတဲ့ အခါမှသာ Jack က Jimin ဘက်ကို လှည့်၍ မေးသည်။

Way Back To You (completed)Where stories live. Discover now