'ကျွန်တော်က Jimin shi ကို သဘောကျတာမလို့ Jimin shi ဘက်ကို ကျွန်တော့်ကို ပြန်ပြီးသဘောကျလာတဲ့အထိ စောင့်နိုင်ပါတယ်'
ထိုစကားတစ်ခွန်းဟာ သူက ဘယ်လိုပဲဖြစ်ဖြစ် Jimin နားမှာပဲရှိနေပြီး ဆက်လက်တွယ်ကပ်နေဦးမည့် သဘောသက်ရောက်နေသည်ကို Jimin နားလည်လိုက်သည်။
လုံး၀လက်လျှော့မည့်ပုံမပေါ်။ မျက်နှာထက်က အပြုံးယဲ့ယဲ့နဲ့ဆိုပေမဲ့ ဆုံးဖြတ်ချက်ချပြီးသလို သူ့စကားသံသာ ပြတ်ပြတ်သားသား။'Jimin shi ဘက်က ခုချိန် ဒီအကြောင်းအရာတွေကို မစဉ်းစားချင်သေးဘူးဆိုရင် ကျွန်တော်စောင့်မယ်။ ဒါပေမဲ့ ချစ်သူရည်းစားထားချင်လာပြီဆိုရင်တော့ ကျွန်တော် တစ်ယောက်လုံးရှိတာကို သတိရ။ ဘယ်သူ့ကိုမှ ယောင်လို့တောင် အတွေးမရောက်ပါနဲ့'
ပိုင်စိုးပိုင်နင်း သူ့စကားသံက Jimin နားထဲ တဝဲလည်လည်။ ကော်ဖီခွက်ကို နှုတ်ခမ်းနား တေ့ထားရင်း မော့လည်းမသောက်ဖြစ်ဘဲ အတွေးတွေ ပျံ့လွှင့်နေရသည်။ ဖမ်းမမိနိုင်သော စိတ်တွေက မကြာသေးတော့ အတိတ်ကဖြစ်ရပ်တွေဆီမှနေ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးသော အတိတ်တစ်ခုစီသို့ လွှင့်မျောသွားခဲ့ရသည်။
'ကိုယ်တို့ လမ်းခွဲကြရအောင်'
Jimin ဘက်က စတင်ပြောခဲ့သော လမ်းခွဲစကား။ တစ်ဖက်ကောင်လေးက အံ့ဩလွန်းစွာနဲ့ သူ့ကို ငေးကြည့်လာတော့ Jimin မျက်နှာလွှဲလိုက်သည်။
မနေ့တစ်နေ့ကထိ အဆင်ပြေနေခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက နေ့ချင်းညချင်း လမ်းခွဲစကားဆိုရတဲ့ အထိ ဖြစ်သွားသည်ကို တစ်ဖက်လူကလည်း မယုံနိုင်ဟန်။'ဘာလို့လဲ'
မေးခွန်းက ရိုးရှင်းေနပေမဲ့ Jimin ဖြေဖို့ရာ တုန့်ဆိုင်းနေ၏။ လမ်းခွဲသည်ဆိုမှတော့ လမ်းခွဲရသည့် အကြောင်းပြချက် ေပးကိုေပးရတော့မည်။ Jimin ဘက်က နေ့နေ့ညည စီထားခဲ့တဲ့ စကားလုံးတွေက သူ့မျက်နှာကိုငေးရင်း သူ့စကားတွေကို မျှော်လင့်နေတဲ့ တစ်ဖက်လူရဲ့ မျက်၀န်းတွေကြောင့် လည်ချောင်း၀မှာတင် တစ်ဆုိ့နေသည်။
အရည်ကြည်လွှာတစ်ထပ်ဖုံးလွှမ်းလာတဲ့ မျက်လုံးဝိုင်းဝိုင်းတွေကို Jimin ရင်မဆိုင်ဝံ့။