'Jungkook'
အချိန်အားဖြင့် ၁၀ နာရီခွဲလုနီးပါး။ Jimin ဓာတ်လှေကားထဲမှ ထွက်လာကာ မိမိအခန်းရှိရာကို လျှောက်လာတဲ့အချိန် အခန်းရှေ့မှာ ရပ်နေသော ပုံရိပ်တစ်ခုကို မြင်ပြီး နှုတ်ခမ်းလှုပ်ရုံ ရေရွတ်လိုက်မိသည်။
နံရံကို မှီလို့ ရပ်နေသူသည် ဒီနေ့ပြန်မလာနိုင်ကြောင်းကို မနက်ကတင် ဖုန်းဆက်ပြောခဲ့သူ။ နံရံကိုကျောမှီကာ ရပ်နေသူသည် Jimin ကို လှည့်ကြည့်ပြီး ပြုံးပြကာ မတ်မတ်ရပ်သည်။ Jimin ရဲ့ မျက်လုံးလေးတွေ အံ့ဩမှုဖြင့် ဝိုင်းနေရာကနေ တဖြည်းဖြည်းနဲ့ မှေးကျလာသည်။ နှုတ်ခမ်းတွေကလည်း ကော့တက်လာခဲ့ကာ ခြေလှမ်းတွေကို သွက်သည်။
လက်နှစ်ဖက်ဆန့်တန်း ကြိုနေသူရဲ့ ရင်ခွင်ထဲကို တွန့်ဆုတ်ခြင်းမရှိဘဲ တိုး၀င်လိုက်ပြီးနောက် ထိုသူရဲ့ ခါးကိုလည်း တင်းကြပ်နေအောင် ပြန်လည်ဖက်သွယ်ထားလိုက်သည်။ နွေးထွေးသော ဒီရင်ငွေ့ကို Jimin လွမ်းနေခဲ့တာဖြစ်သည်။ ရင်းနှီးသော ကိုယ်သင်းနံ့သည် တစ်နေ့တာလုံး ပင်ပန်းလာသမျှကို ပြေပျောက်စေသည်။
နားထင်ေစာင်းေနာက်ဘက်ရှိ ဆံပင်တွေကြားထဲက အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။ သူ့ပုခုံးပေါ်ကို မေးဖျားေလးဖြင့် မှီတင်ရင်း Jimin မျက်လုံးတွေ မှိတ်ထားဖြစ်သည်။တကယ်ကို လွမ်းနေခဲ့ရတာပင်။
'မနက်ဖြန်မှ ပြန်လာမယ်ဆို'
'မနက်ဖြန်ထိ မစောင့်နိုင်တော့လို့'
Jungkook အလုပ်ကို ညနေပိုင်းမှာတင် အပြီးဖြတ်ပြီး ချက်ချင်း လေယာဉ်နဲ့ ပြန်လာခဲ့တာဖြစ်သည်။ သူ့ချစ်သူလေးကို သူလည်း လွမ်းလှပါပြီ။ နေ့တိုင်းနီးပါး နီးကပ်စွာ ရှိနေခဲ့ရလို့လားမသိ။ ဝေးကွာရတဲ့ နာရီတွေအတွင်းမှာကို ရင်တွေပူအောင် လွမ်းနေခဲ့ရသည်။ ဒီလူသားအပေါ် အဆုံးစွန်ထိ ရူးသွပ်နေမိပြီဖြစ်ကြောင်းကို ထပ်တဖန် နားလည်လိုက်ရပြန်သည်။ သူဟာ ဝေးကွာခြင်းတွေကြားထဲက လွမ်းဆွတ်တမ်းတခြင်းေတွကို ခံစားဖူးခဲ့ပြီးသူဖြစ်သည်။ ဒီလူနဲ့ တစ်ခါဝေးခဲ့ရပြီးပြီ။ ဒုတိယအကြိမ်ဆိုတာ ရှိလာမှာမဟုတ်သလို ရှိလာခွင့်လည်း ပေးမည်မဟုတ်ပါ။
![](https://img.wattpad.com/cover/270477287-288-k468495.jpg)