WBTY - 19

4.5K 542 8
                                    

ဒုတိယမြောက် အားလပ်ရက်က လကန်တော့ပွဲ နေ့ရက်ဖြစ်လို့ လိုအပ်တာတွေ သွား၀ယ်ဖို့က Jimin တို့ တာ၀န်ကျလာသည်။ မိခင်ရေးပေးလိုက်တဲ့ ပစ္စည်းစာရင်းစာရွက်ကို ကိုင်ရင်း သူနဲ့ Jungkook နှစ်ယောက် ဈေးထဲရောက်လာကြသည်။ ပွဲတော်ရက်မို့ လူအများ တိုးဝှေ့နေကြသည်ဖြစ်ရာ ၀ယ်ရမည့် ပစ္စည်းတွေကို ဖတ်နေရင်း သူက ရှေ့ကလျှောက်တော့ Jungkook က သူ့နောက်ကနေ လျှောက်လုိက်သည်။
တစ်ဆိုင်၀င် တစ်ဆိုင်ထွက်နှင့် စာရွက်ပေါ်က ရေးထားသမျှ ပစ္စည်းတွေကုန်သွားသောအခါ သူတို့နှစ်ယောက် လက်ထဲမှာ အထုပ်တွေအပြည့်။
'စုံပြီလား'

'အင်း သွားကြစို့'

လူအုပ်ကြီးထဲက တိုးတိုးဝှေ့ဝှေ့ထွက်လာခဲ့လာပြီး ကားနားရောက်လာတော့မှ နှစ်ယောက်ပြိုင်တူ လေပူတွေမှုတ်ထုတ်မိကြသည်။  အထုပ်တွေကို ကားထဲထည့်ပြီး ပြန်ထွက်လာကြတော့ ကားမောင်းသူက Jimin။

'ကိုယ်စားလှယ် ပင်ပန်းနေပြီလား'

'အသစ်အဆန်းဖြစ်နေရုံပါ'

ထိပ်တန်းစာရင်း၀င် Entertainment Company တစ်ခုရဲ့ ဉက္ကဌအလောင်းအလျာလေးက အခုလို ကုန်စိမ်းဈေးထဲလိုက်ပြီး အထုပ်ဆွဲ‌ေပးနေရသည်ကိုများ ကုမ္ပဏီကလူတွေ ကြားရင် ဟာသပြောနေသည်ဟု ထင်လောက်မည်။ ထိုကဲ့သို့သော ဂုဏ်ရှိန်ဂုဏ်ဝါမြှင့်တဲ့ လူကုံထံ သူဌေးလေးကိုမှ ဒီလိုနေရာမျိုးကို ခေါ်လာမိသည်မို့ Jimin အားနာ‌ေနမိသည်။ သို့သော်လည်း ကြင်လင်နေတဲ့ မျက်နှာချောချောမှာ စိတ်အနှောင့်အယှက်ဖြစ်တဲ့ အရိပ်အယောင်တွေ မရှိသည်မို့သာ Jimin စိတ်အေးရတာဖြစ်သည်။
အခုလည်း ဘေးခုံမှာထိုင်ရင်း ကားပြတင်း‌မှန်ကနေတဆင့် ပတ်၀န်းကျင်ကို လိုက်ငေးဟန်က အေးအေးဆေးဆေး။ ရေဒီယိုကလာတဲ့ သီချင်းသံကို ‌‌ေြခထောက်တစ်ဖက် လှုပ်ခါရင်း စည်းချက်လိုက်နေသေးသည်။

နေ့ခင်းတစ်ခုလုံး ပွဲတော်အတွက် စီစဉ်ရင်း အချိန်ကုန်သွားရသည်။ Jimin က မီဖိုခန်းထဲမှာ မိခင်အား မုန့်လုပ်ကူပေးနေစဉ် Jungkook က အိမ်ဘေးခြံလေးထဲမှာ ဖခင်နဲ့အတူ ရှိနေခဲ့သည်။ စကားပြောသံ ရယ်မောသံတွေ ကြားရပြီး မကြာ Jungkook က မီးဖိုခန်းထဲ ရောက်လာ၏။ ဘာကူညီပေးရမလဲ မေးပေမဲ့ လက်ဖက်ရည်တစ်ခွက်ချပေးပြီး နားစေလိုက်သည်။ ထိုအခါလည်း သူတို့လုပ်သမျှကို ထမင်းစားပွဲမှာထိုင်ပြီး လက်ဖက်ရည်သောက်ရင်း ငြိမ်ငြိမ်လေးထိုင်ကြည့်နေသည်။

Way Back To You (completed)Where stories live. Discover now