WBTY - 8

4.9K 654 17
                                    

'Jimin ရေ ကိုယ်တို့ Schedule ပြန်ပြောင်းထားတယ် သိလား'

'ဟုတ်ကဲ့ Kim PD nim'

Jimin ရဲ့ အလုပ်နေရာထိ လိုက်လာတဲ့ Producer ကြီးက schedule စီထားတဲ့ စာရွက်ကို Jimin ကို ကမ်းပေးလာသည်။ Y&S အတွက် ကြိုတင်ရိုက်ကူးရေးအစီအစဉ်တွေက တစ်ဖက်က ဧည့်သည်တော်တွေရဲ့ အချိန်ဇယားနဲ့လည်း တိုက်ပြီး လုပ်ဆောင်ရတာမို့ အချိန်အပြောင်းအလဲလေးတွေရှိနေ၏။ ဒါကြောင့် Jimin က ညပိုင်းသတင်းအစီအစဉ်အတွက် နားထားရာကနေ အဲ့ဒီအချိန်ကို ပြန်ရောက်သွားပြီး နေ့လည် ၁၁ နာရီအတွက် လူပြောင်းမှာဖြစ်သည်။

'Jimin အချိန်ရရင် ကော်ဖီသွားသောက်ရအောင်'

'ဟုတ်ကဲ့'

စီနီယာတစ်ဖြစ်လဲ Producerကြီးက ဖိတ်ခေါ်တော့ လုပ်လက်စတွေ ချထားခဲ့ပြီး နောက်ကလိုက်လာခဲ့ရသည်။ ကော်ဖီစက်ရှေ့မှာ ကော်ဖီယူနေရင်းပဲ Producer ကြီးက စကားစပါ၏။

'ဒါနဲ့ Jimin နဲ့ ကိုယ်စားလှယ်က ရင်းနှီးပုံပဲနော်'

တစ်ချိန်ချိန်တော့ ပြောလာလိမ့်မယ်ဆိုတာ Jimin သိနေ၏။ ရိုက်ကူးရေးကို ကိုယ်စားလှယ်လာကြည့်သွားတယ်ဆိုတဲ့ သတင်းနဲ့အတူ Jimin နဲ့ စကားရပ်ပြောနေခဲ့တယ်ဆိုတဲ့ အကြောင်းကလည်း လူတိုင်း သိပြီးသားဖြစ်နေလိမ့်မည်။ Jimin က လုပ်ငန်းဆန်တဲ့ အပြုံးလေးတစ်ခုတပ်ဆင်လိုက်ရင်း

'ဒီတိုင်း သူငယ်ချင်းဟောင်းတွေပါပဲ'

Producer ကြီးရဲ့ မျက်လုံးတွေ တလက်လက်တောက်ပသွားတာများ။ Jimin ရဲ့ အဖြေက သူ့အတွက် လမ်းတစ်ခုဖွင့်ပေးလိုက်သလိုမျိုး။ မဆိုင်းမတွဘဲ ထွက်လာတဲ့ နောက်ဆက်တွဲ အကြောင်းအရာတွေဆိုတာ။ ဘာရှိရဦးမှာလဲ။ သူ့အစီအစဉ်မှာပါဖို့အတွက် Jungkook ကို Jimin က တစ်ဆင့် စည်းရုံးစေချင်နေတာပဲပေါ့။ အစီအစဉ်က အပိုင်းသုံးခုအတွက် ရိုက်ကူးပြီးသွားပြီမို့ လာမည့် အင်္ဂါနေ့တွင် စတင်ထုတ်လွှင့်မည်။ စက္ကန့်သုံးဆယ်စာ Teaser က လူထုကို ဆွဲဆောင်ထားနိုင်ပြီး channel website မှာလည်း မှတ်ချက်အများအပြားရထားပြီးဖြစ်ပါသည်။

အခု Jimin ခေါင်းစားနေတာက Jungkook ကို သူဘယ်လို စည်းရုံးရမလဲဆိုတာပဲ။ ကောင်ကလေးက သူ့စကားတွေကို နားထောင်ပါ့မလား။ ဓာတ်လှေကားထဲက ရွေ့လျားနေတဲ့ နံပါတ်တွေကို မော့ကြည့်လိုက်သည်။ နံပါတ်တစ်ခုမှာ ရပ်သွားပြီးနောက် တင်ခနဲမြည်ကာ ဓာတ်လှေကားတံခါးက ဘေးနှစ်ဖက်ထဲ တိုးဝင်ကာ ပွင့်သွားသည်။ ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်ရမှာပေါ့။

Way Back To You (completed)Where stories live. Discover now