တစ်နေရာလိုက်ခဲ့ဆိုပြီး Jungkook ခေါ်လာမယ့်နေရာက ဒီနေရာဖြစ်နေမယ်လို့ Jimin လုံး၀တွေးမထားခဲ့ပါ။ ခုတော့ Jeon အိမ်တော်ရှိရာ ခြံ၀န်းရှေ့မှာ ေြခစုံရပ်လို့ Jimin စိတ်တွေ အင်မတန်လှုပ်ရှားနေရပါသည်။ နှလုံးခုန်နှုန်းတွေ တဒိုင်းဒိုင်းနဲ့ လက်ဖျားတွေ အေးစက်လာ၏။ ခြံတံခါးကျယ်ကြီးကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေရင်း စိတ်ငြိမ်အောင်လုပ်ဖို့ နည်းလမ်းရှာမတွေ့သလိုဖြစ်နေရ၏။
လက်သီးဆုပ်ထားတဲ့ Jimin ရဲ့ အေးစက်စက်လက်တစ်ဖက်ထဲ တိုး၀င်လာတဲ့ အနွေးဓာတ်လေးတစ်ခု။ Jungkook ရဲ့ လက်ဟာ အေးနေတယ်ဆိုပေမဲ့ Jimin ရဲ့ လက်ထက်စာရင်တော့ နွေးပါသေးသည်။'အရမ်း စိတ်မလှုပ်ရှားနဲ့။ ကျွန်တော်ရှိတယ်'
Jimin ခေါင်းကို ညိတ်ကာ အသက်ရှူနှုန်းတွေကို ထိန်းညှိလိုက်သည်။
Jungkook ရဲ့လက်ကို တွဲဖို့ ဆုံးဖြတ်ခဲ့ပြီးကတည်းက ဒီလိုအခြေအနေတွေကို တစ်နေ့နေ့မှာ ရင်ဆိုင်ရလိမ့်မယ်ဆိုတာ နားလည်ခဲ့ပြီးသား။ ဘာမှပြင်ဆင်ခွင့်မရခဲ့ဘဲ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အခြေအနေကြောင့်သာ Jimin စိတ်လှုပ်ရှားနေရခြင်းပါ။ခြံထဲလှမ်း၀င်လာပြီးမှ Jimin စိတ်ထဲ၀င်ရောက်လာတဲ့အတွေးတွေက တောင်စဉ်ရေမရတော့။ Jeon မိသားစုက သူနဲ့ Jungkook ကို သဘောမတူပါဘူးဆိုရင်ရော။ သူတို့နှစ်ယောက်ကို ခွဲဖို့ကြိုးစားကြမှာလား။ Jeon မိသားစုဟာ ယောကျာ်းလေးနှစ်ယောက် အချင်းချင်း သဘောကျခြင်းကို လက်မခံနိုင်ဘူးဆိုရင်ရော။ စသဖြင့် အနှုတ်လက္ခဏာပါတဲ့ အတွေးတွေက Jimin ကို ကြီးစိုးလာနေသည်။
'ကျွန်တော် ယောင်္ကျားလေးတွေကို သဘောကျတတ်တဲ့အကြောင်း သိကြတယ်'
အိမ်တံခါးဆီလျှောက်လှမ်းနေတဲ့ Jimin ရဲ့ ခြေလှမ်းတွေ တုန့်ခနဲ။ အံ့ဩစွာနဲ့ Jungkook ကို မော့ကြည့်လိုက်မိသည်။
Jungkook မျက်နှာက ပြုံးစစနဲ့ ကြည်ကြည်လင်လင်။ Jimin စိုးရိမ်နေရသောအတွေးတွေကို သူကတော့ဖြင့် လုံး၀ဂရုစိုက်စရာမလိုသလိုမျိုးနဲ့။'Hyung ထွက်သွားတော့ ကျွန်တော့်ဖြစ်တည်မှုကို မိသားစုတွေဆီ ၀န်ခံဖြစ်ခဲ့တယ်။ အဖေနဲ့ အစ်ကိုက ဘာမှမပြောပေမဲ့ အမေက အရမ်းစိတ်ဆိုးပြီး တစ်လလောက် စကားမပြောဘူး။