WBTY - 28

4.6K 485 10
                                    

မှန်နံရံခြားထားတဲ့ ဧည့်တွေ့ခန်းကျဉ်းလေးထဲက တစ်ဖက်တစ်ချက်စီမှာ ထိုင်နေကြသော လူနှစ်ယောက်။ တစ်ယောက်နဲ့တစ်ယောက် ကြားနိုင်အောင် အလယ်ကမှန်ပြင်မှာ အပေါက်ငယ်လေးတွေကို စက်ဝိုင်းပုံသဏ္ဍာန်ဖောက်ထားသည်။

Choi Li Han သည် မှန်ပြင်တစ်ဖက်မှာ ထိုင်နေတဲ့သူကို စိတ်ပျက်ခြင်းများစွာဖြင့် ကြည့်လိုက်သည်။ သို့သော် mask အုပ်ထားပြီး မျက်မှန်အမည်းရောင်ကိုပါ ၀တ်ထားတာကြောင့် သူ(မ)၏ မျက်နှာအမူအရာကို တစ်ဖက်လူက မမြင်လိုက်ရ။

မှန်ပြင်နောက်ဖက်က လူကတော့ သူ(မ) မှန်း သတိထားမိသွားတဲ့အချိန် မျက်လုံးတွေပြူးကျယ်လျက် အံ့ဩ၀မ်းသားသွားခဲ့သည်။

'Li Han'

ထိုသူက သူ(မ)ကို တုန်ယင်စွာဖြင့် ခေါ်၏။ ဒီကို ရောက်လာလိမ့်မယ်လို့ ဘယ်လိုမှ မထင်မှတ်ထားဟန် အပြည့်နဲ့ စိတ်လှုပ်ရှားနေသည်။
Li Han သည်လည်း ဘာကြောင့် ရောက်လာခဲ့ရသည်ကို သူ(မ) ကိုယ်တိုင် နားမလည်နိုင်တော့။

ထောင်သား၀တ်စုံနဲ့ ညှိုးနွမ်းစုတ်ပြတ်နေသူဟာ တစ်ချိန်က သူ(မ)နဲ့ ကျွမ်း၀င်ခဲ့သူ ရည်းစားဟောင်းဖြစ်သည်။ သူ(မ) နှစ်သက်သဘောကျခဲ့သည့် နုပျိုခန့်ညားပြီး ကြည့်ကောင်းသော လူရွယ်တစ်ယောက်ဟန် လုံးလုံးပျောက်နေကာ မျက်တွင်းတွေချိုင့်ခွက်နေလျက် ပါးပြင်တွေပါ ချောင်ကျကာ လွန်စွာ အကျည်းတန်နေ၏။
မျက်နှာပေါ်က mask ကို Li Han ဆွဲချွတ်လိုက်သည်။

'Li Han ငါ..ငါ...'

'နောက်တစ်ခါ ဘယ်တော့မှ မဆက်သွယ်နဲ့'

တစ်ဖက်လူရဲ့ အသံဟာ တုန်ယင်အက်ကွဲနေသလောက် Li Han ရဲ့ အသံသာ မာထန်ပြတ်သားနေခဲ့သည်။

'နင်နဲ့ငါရဲ့ ပတ်သက်မှုက အဆုံးသတ်သွားတာ ကြာလှပြီ။
ဒါ နောက်ဆုံးအကြိမ်ပဲ။ ထပ်ပြောမယ်။ ငါ့ကို နောက် လုံး၀ မဆက်သွယ်နဲ့'

တစ်ဖက်လူ မည်သို့မျှ မတုန့်ပြန်နိုင်သေးခင် သူ(မ)က ပြောစရာကုန်သွားသလို ထရပ်လိုက်သည်။ သူ(မ)က နားထောင်ဖို့ လာခဲ့တာမဟုတ်။ ကျန်နေသေးတဲ့ အမျှင်အတန်းတွေကို အပြီးတိုင်ဖြတ်တောက်ဖို့ လာခဲ့တာဖြစ်သည်။ ‌မျက်မှန်ကို အနေအထားပြင်ပြီး mask ကို ပြန်တပ်သည်။ ထို့နောက် ဒီနေရာကနေ ပြန်မလှည့်ကြည့်စတမ်း ထွက်ဖို့ပြင်သည်။

Way Back To You (completed)Where stories live. Discover now