WBTY - 24

4.5K 493 25
                                    

ဆေးရုံ ကုတင်ထက် ဖျော့တော့စွာ ထိုင်နေတဲ့ ကိုယ်ငယ်လေးကို ကြည့်ပြီး Jungkook တစ်ယောက် သက်ပြင်‌းတွေ တရှိုက်ရှိုက်။ Jungkook ခွံ့ပေးတဲ့ ဆန်ပြုတ်ကို ခပ်ဖြည်းဖြည်းသောက်နေတဲ့ Jimin မှာ သူ့ကို တစ်ချက်တစ်ချက် မော့ပြီးပြုံးပြနေသေးတာ။ အားလျော့နေတဲ့ အပြုံးတွေကို မြင်ရတာ Jungkook စိတ်ထဲ ဘယ်လိုမှ သက်သာမနေခဲ့ပါ။

ဒီလိုအခြေအနေတွေကို ဖြစ်ပျက်စေခဲ့တဲ့ တရားခံကောင်ကို ရဲစခန်းမှာ သွားဖြေရှင်းဖို့ ရှိသေးပေမဲ့ Jeonမိသားစုရဲ့ ရှေ့နေ့ကို စေလွှတ်ထားတာမို့ သိပ်‌ေတာ့အရေးမကြီး။ Jimin နိုးမလာမချင်း Jungkook ဒီဆေးရုံခန်းထဲက တစ်လက်မမှ ခွာမည်မဟုတ်ပါ။ တစ်ညလုံး ရင်တွေပူပြီး အိပ်မပျော်ခဲ့ပေမဲ့ ဆေးရှိန်ကြောင့် အိပ်ပျော်နေတဲ့ Jimin က မနက်နေထွက်ခါနီးလောက်မှ နိုးလာသည်။ ဆရာ၀န်က လိုအပ်တဲ့ စစ်ဆေးမှုတွေ ထပ်လုပ်ပေးပြီး ဓားဒဏ်ရာက ရှပ်ထိတာမို့ မစိုးရိမ်ရဘဲ နဂိုအားနည်‌းတဲ့ ခန္ဓာကိုယ်က သွေးအချုိ့ဆုံးရှုံးလိုက်ရတဲ့အခါ ပိုအားယုတ်သွားတာဖြစ်လို့ အပြည့်အ၀အနားယူဖို့ရန် မှာကြားသွားသည်။ ကာယကံရှင်ကတော့ ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ နားထောင်နေပေမဲ့ Jungkook ကတော့ နားထောင်ရင်း အသက်ရှူပင်မ၀ချင်။
မနက်စာအတွက် Jack ကိုပဲ ဆေးရုံလာပို့ပေးဖို့ အကူအညီတောင်းလိုက်ရသည်။ စိုးရိမ်တကြီးဖြစ်နေတဲ့ Jack ကို အကျိုးအကြောင်းရှင်းပြပြီး ဒီနေ့ ရုံးမတက်ဖြစ်ကြောင်းကိုပါ တစ်ခါတည်း မှာရ၏။ Jimin ရဲ့ ကိစ္စကိုတော့ ဘယ်သူ့ကိုမှ အသိမပေးဖို့ Jimin ကပြောသည်။ သူကိုယ်တိုင်ပဲ ဖုန်းဆက်ပြီး ခွင့်တင်လိုက်ပါ့မယ်ဆိုတာကို Jack က ခေါင်းငြိမ့်ပြပြီး ဆေးရုံခန်းထဲက ပြန်ထွက်သွားသည်။

ဆန်ပြုတ်သောက်ပြီးသွားတော့ ပါးစပ်ကို လက်ကိုင်ပုဝါနဲ့ အသာဖိသုတ်ပေးတော့ Jimin က Jungkook ကို ခပ်ယဲ့ယဲ့ပြုံးလို့ ကြည့်နေ၏။

'မျက်ခုံးတန်းလေး ဖြေ(လျော့)ပါဦး။  ကိုယ် ဘာမှမဖြစ်ဘူးလေ'

Jimin ပြောလိုက်တော့ Jungkook ရဲ့ မျက်ခုံးတန်းတွေ ပြေလျော့ဖို့ နေနေသာသာ ပိုလို့ပင် ကျုံ့၀င်သွားသည်။

ဘာမှမဖြစ်ဘူးတဲ့လား။ ဒါက ဘာမှမဖြစ်တဲ့ မျက်နှာလား။ နှုတ်ခမ်းတွေကတောင် သွေးလျော့ပြီး အရောင်မရှိဖြစ်နေတာကိုလေ။ Jungkook ဘယ်လိုများ စိတ်ကောင်းနိုင်ပါ့မလဲ။ သို့ပေမဲ့လည်း သူ့ကို ခေါင်းလေးငဲ့ပြီး ကြည့်နေတဲ့သူကြောင့် မျက်ခုံးတန်းတွေကို ဖြေလျော့လိုက်ရသည်။

Way Back To You (completed)Where stories live. Discover now