Park Jimin က TV presenter လောကမှာ သက်တမ်းနုပေမဲ့ အထိုက်အလျောက် နာမည်ရပြီး အောင်မြင်နေတဲ့သူတစ်ယောက်။ ဂျူနီယာတွေရဲ့ လေးစားခြင်းကိုလည်း သိမ်းပိုက်ထားသလို တက်သစ်စလူငယ်လေးတွေရဲ့ စံပြပုဂ္ဂိုလ်ဆိုလည်း ဟုတ်ပါသည်။ Park Jimin ရဲ့ အရည်အချင်းတွေနဲ့ လုပ်ရည်ကိုင်ရည်တွေကိုပါ လေးစားစရာကောင်းရုံတင်မက သူရဲ့ ဝတ်ပုံဆင်ပုံ နေထိုင်ပုံလေးတွေဟာလည်း အမြဲအတုယူစရာကောင်းလှသည်။ အသက်၂၈ နှစ်အရွယ် ယောကျာ်းပျိုတစ်ယောက်ရဲ့ အသားအရည်ဟာ နုပျိုကာ ကြည်လင်၏။ မျက်နှာထားတည်နေလျှင် လူအများရှိန်ကြသလို သူပိုင်ဆိုင်ထားတဲ့ အပြုံးချိုချိုကလည်း မြင်ရတဲ့သူတိုင်းကို အေးချမ်းမှုပေးနိုင်စွမ်း၏။ သို့ပေမဲ့ ထိုအပြုံးတွေကို မြင်ရသူက နည်းပါးပြီး အလွန်ဆုံးမှ နှုတ်ခမ်းတွေတွန့်ကွေးရုံသာ ပြုံးပြတတ်သူ။
သတင်းအစီအစဉ်ပြီးပြီမလို့ ကော်ရစ်ဒါကနေ လျှောက်ဝင်လာတဲ့အခါ ရင်းနှီးတဲ့လူတစ်ချို့က နှုတ်ဆက်တာကို ခွန်းတုံ့ပြန်သည့် အသံလွင်လွင်လေးကို ကြားရနိုင်သည်။ ကိုယ်ပိုင်ရုံးခန်းငယ်လေးဆီ မရောက်ခင်မှာပင် လမ်းမှာပိတ်ရပ်နေသည့် လူနှစ်ယောက်ကို တွေ့ရပြန်၏။ လက်တွေပိုက်ထားရင်း နံရံမှာကျောမှီရပ်နေသူက Jimin ကို မြင်တဲ့အခါ ထရပ်သည်။ သူ့နောက်နားမှာ ရပ်နေသူက အတွင်းရေးမှူး Jack။ Jimin က Jack ကို ခေါင်းလေးတစ်ချက်ငြိမ့်ပြလိုက်ပြီး ရှေ့ကလူကို မော့ကြည့်လိုက်သည်။
'ကိုယ်စားလှယ်က ဘာကိစ္စရှိလို့များလဲ'
လက်ပိုက်တွေကို မဖြေသေးပဲ ရူတည်တည်နဲ့ ကြည့်လာတဲ့သူကို Jimin လည်း ပြန်စိုက်ကြည့်နေလိုက်သည်။
'Hyung ကျွန်တော့်ကို မစောင့်ဘူး'
မော့ကြည့်လာတဲ့ Jack ရဲ့ မျက်နှာပေါ်က အံ့ဩရိပ်တွေကို Jimin မျက်လုံးထောင့်ကနေ ဖမ်းမိလိုက်၏။ Jeon Jungkook တစ်ယောက်နဲ့တော့ စိတ်တွေလေပါရဲ့။ Jimin ကဆိတ်ဆိတ်နေတော့ Jungkook ကပဲ သူ့စကားကို ဆက်သည်။
'ခင်ဗျားကြောင့် မနက်က ကျွန်တော် အစည်းအဝေးနောက်ကျသွားတယ်'
စိတ်ဆိုးဆိုးနဲ့ ရေရွတ်နေတဲ့သူကို Jimin နားမလည်နိုင်သလို မော့ကြည့်လိုက်သည်။ သူ အစည်းအဝေးနောက်ကျတာ ဘယ်ကနေ ဘယ်လို Jimin ရဲ့ အပြစ်ဖြစ်သွားရတာလဲ။ သူ တကယ်ကြီး ကားပါကင်မှာ ရပ်စောင့်နေခဲ့တာတော့ မဟုတ်ပါဘူးနော်။ အစကတည်းက ခေါ်ဖို့အစီအစဉ်မရှိလို့ ပုံမှန်ထက်တောင် စောထွက်လာခဲ့သေးတာ။
![](https://img.wattpad.com/cover/270477287-288-k468495.jpg)