'မင်္ဂလာပါခင်ဗျာ Jeon Jungkook လို့ ခေါ်ပါတယ်'
Mrs.Park အနေနဲ့ သား ပြန်လာမည်ပြောတုန်းက တစ်ယောက်တည်း လာမည်ဟု ထင်နေခဲ့သော်လည်း အခု ဧည့်ခန်းထဲမှာ ရိုးရိုးကျိုးကျိုးရပ်နေတဲ့ ဧည့်သည်လူငယ်လေးကို သူ(မ) အကဲခတ်နေမိသည်။
'ဒါ ကျွန်တော်တို့ ကုမ္ပဏီက ကိုယ်စားလှယ်။'
သားကလည်း ထိုမျှလောက်သာ မိတ်ဆက်ပေးပြီး ဘာကြောင့် သူနဲ့အတူပါလာရသလဲ ဆိုတာမျိုးတွေ တစ်ခုမှ မပြော။ လူငယ်လေးကို ကြည့်ရသလောက် အရပ်ရှည်ေပမဲ့ သားထက် အသက်ငယ်မည့်ပုံပါပဲ။
'တွေ့ရတာ ၀မ်းသာပါတယ်'
အပြုံးချိုချိုက ငယ်ရွယ်သူကို ပိုလို့ နုပျိုသွားစေ၏။ ထိုအပြုံးလေးကို မြင်တော့ Mrs.Park စိတ်ထဲ နွေးနွေးလေးဖြစ်ကာ ဘ၀င်ကျသွားသည်။ သားဖြစ်သူရဲ့ ဧည့်သည်ဆိုတော့ သူတို့ရဲ့ ဧည့်သည်ပေါ့။ အလုပ်ရှင်လည်း ဖြစ်နေသေးတော့ သေချာဂရုစိုက်ပေးရမည်ဟု စိတ်ထဲ တွေးထားလိုက်သည်။
ညသန်းခေါင်ကျော်နေပြီမို့ မိခင်ကို နားခိုင်းလိုက်ပြီး ပါလာသည့် ဧည့်သည်ကိုတော့ Jimin ကိုယ်တိုင်ပဲ အနားယူဖို့ အခန်းဆီ လိုက်ပို့ဖြစ်သည်။
အခန်းက အပေါ်ထပ်မှာဖြစ်ပြီး Jimin ရဲ့ အခန်းနဲ့ မျက်နှာချင်းဆိုင်မှာ ဖြစ်သည်။'ကိုယ်စားလှယ် နားတော့မလား။ တစ်ခုခုစားဦးမလား'
အိပ်ခန်းငယ်က သပ်သပ်ရပ်ရပ်နဲ့ နေချင်စဖွယ်ပင်။ Jungkook က လွယ်အိတ်ကို ကုတင်ခြေရင်းအောက်ချလိုက်ပြီး အခန်းလေးကို ဝေ့ဝဲကြည့်နေမိစဉ် တံခါးပေါက်၀ကလူက မေးလာ၏။
'ကျွန်တော် အဆင်ပြေပါတယ်'
သုံးနာရီကျော်ကြာ ရထားစီးလာရပြီးနောက် သူ့တစ်ကိုယ်လုံး ညောင်းညာနေပြီဖြစ်သည်။ ညလည်းနက်နေပြီမို့ အိမ်ရှင်ကို အလုပ်မရှုပ်စေတော့ဘဲ နားဖို့ရန် ဆုံးဖြတ်လိုက်သည်။ သူနဲ့ အတူပါလာတဲ့လူလည်း သူ့နည်းတူ ပင်ပန်းနေလောက်မည်။
Jimin က ခေါင်းလေးညိမ့်ကာ'ရေချိုးခန်းက ဒီဘက်မှာပါ။ အဲ့တာဆို နားလိုက်ပါဦး'
ဟူ၍ အခန္းထဲမွာ တွဲလျက်ပါတဲ့ ရေချိုးခန်းတံခါးကို ညွှန်ပြပြီး နှုတ်ဆက်ကာ ထွက်သွားခဲ့သည်။ ပိတ်ကျသွားတဲ့ တံခါးနောက် အခန်းငယ်ထဲ တိတ်တိတ်ဆိတ်ဆိတ်။ Jungkook ကုတင်ပေါ်ကို ကျောခင်းလှဲကာ မျက်လုံးတွေမှိတ်လိုက်ပြီးမကြာ နှုတ်ခမ်းတွေက ပြုံးယောင်သမ်းလာသည်။ သူဟာ ချစ်ရသူနဲ့ တစ်မိုးအောက်ထဲမှာ ရှိနေရပြီး၊ ချစ်ရသူရဲ့ အငွေ့အသက်တွေလွှမ်းခြုံနေခဲ့တဲ့ နေရာမှာ ရောက်နေရတယ်ဆိုတဲ့အသိနဲ့ ထိုလူနဲ့အတူ ရှေ့ဆက်ဖြတ်သန်းရဦးမယ့်အချိန်တွေကဲ့သို့သော ကြည်နူးဖွယ်ပုံရိပ်တို့ကို မြင်ယောင်ရင်းနဲ့ပဲ နွေးထွေးစွာနဲ့ အိပ်မောကျသွားတော့သည်။
![](https://img.wattpad.com/cover/270477287-288-k468495.jpg)