WBTY - 11

4.7K 582 8
                                    

အတော်လေးကို နေရခက်နေတယ် ဆိုတာထက် ‌အတော်လေးကို ထူးဆန်းနေတယ်လို့ ပြောရမည်။
စားပွဲဝိုင်းလေးမှာ ဝိုင်းထိုင်နေကြတဲ့ လူလေးယောက်မှာ လူနှစ်ယောက်ကသာ စကားစမြည်ပြောနေကြသည်။
ထိုသူများကတော့ Jimin နဲ့ Yasashi ပေါ့။

YoungHa shi က တစ်ခွန်းတစ်လေတော့ ၀င်ပြောသည်။
Jungkook က ‌တော့ ဘာမှ၀င်မပြောဘဲ ထိုင်ခုံမှာ သက်သောင့်သက်သာမှီထိုင်နေသည်။
သူငယ်ချင်းဖြစ်သူပါလာလုိ့ လာနှုတ်ဆက်ပါဦးလို့ YoungHa Hyung ဖုန်းဆက်ခေါ်လာသည်။ တစ်ကြိမ်တစ်ခါသာ တွေ့ဖူးပြီး စကားတောင် မပြောဖူးတဲ့ သူက ရင်းနှီးသူလည်း မဟုတ်ပါဘဲ။ အစ်ကိုရဲ့ မျက်နှာကြောင့်သာ ထထွက်မသွားဘဲ သူ ငြိမ်ငြိမ်လေး ထိုင်နေတာဖြစ်သည်။

Yasashi ဆိုတဲ့သူနဲ့ ရင်းနှီးတဲ့သူ ဒီကုမ္ပဏီမှာ တစ်ယောက်ရှိသေးတယ်လို့ ဆိုတုန်းက Jimin ဖြစ်နေခဲ့မယ်လို့ မထင်မိခဲ့ပါ။  Jimin ရောက်လာတော့ သူ အံ့ဩသွားခဲ့တာ။
စီနီယာလို့ခေါ်ရတဲ့သူနဲ့ Jimin က ဘယ်လို ဆက်ဆံရေးရှိတာများလဲ။ Jungkook စိတ်၀င်စားသွားတာတော့ အမှန်ပင်။

'မနက်ဖြန် စီနီယာ ဘယ်အချိန်လောက် လေဆိပ်ဆင်းမှာလဲ။ ကျွန်တော် လိုက်ပို့မယ်လေ'

မနက်ဖြန်ဆို Yasashi က Osaka ပြန်တော့မည်ဖြစ်သည်။ အပန်းဖြေဖို့ လာသည့်သူက အလုပ်ကိစ္စရှိလာတော့ ပြန်မည့်ရက်က စောသွားခြင်းဖြစ်သည်။

'ကိုယ့် မန်နေဂျာက ဟော်တယ်က ကား စီစဉ်ထားပြီးပြီ ပြောတယ်။ ပြီးတော့ ကိုယ် ဒီမှာ ရောက်နေတယ် ဆိုတာလည်း သတင်းက ပြန့်သွားလို့ မနက်ဖြန် လူနည်းနည်းတော့ ရှုပ်လိမ့်မယ်'

အခြေအနေကိုရှင်းပြနေတဲ့ စီနီယာက Jimin ရဲ့ဆန္ဒကို အားနာနေဟန်ရှိသည်။

'နားလည်ပါပြီ။ ဒီတစ်ခါပြီးရင် ပြန်တွေ့ရဖို့က မသေချာဘူးလေ။ ဒီရောက်တုန်းလေး အချိန်ကောင်းကောင်း မပေးလိုက်နိုင်တော့ ကျွန်တော်က အားနာနေတာ"

ထိုအခါ စီနီယာက နှစ်သိမ့်ပြုံးလေးနဲ့ Jimin ကို ပြုံးပြသည်။

'စိတ်မပူနဲ့။ YoungHa shi ကြောင့် ကိုယ် အချိန်ကောင်းတွေ ရခဲ့ပါတယ်"

Way Back To You (completed)Where stories live. Discover now