WBTY - 13

4.5K 749 36
                                    

GG Company Ltd. ရဲ့ နှစ်ပတ်လည် အခမ်းအနား ကို နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်များပါမက အနုပညာရှင်များ၊ နယ်ပယ်အများစုမှ အထင်ကရ ပုဂ္ဂိုလ်များပါ တက်ရောက်ကြပြီး စည်ကားသော ပါတီပွဲတစ်ခုဖြစ်သည်။ ‌မီဒီယာသမားများကိုပါ ဖိတ်ကြားထားပြီး ၎င်းတို့ ကုမ္ပဏီရဲ့ ကျော်ကြားမှုကို ထုတ်ဖော်ချင်လှမှန်း သိသာလှသည်။

Jimin လည်း ထိုပွဲကို ဖိတ်ကြားခံထားရသည်။ Eunhee နဲ့ အတူ ပွဲတက်ဖို့ ညှိပေမဲ့ သူ(မ)က အတူတွဲတက်ဖို့ လူရှိပြီးသားဆိုပြီး Jimin ကို ငြင်လွှတ်လေ၏။ ထို့ကြောင့် Jimin တစ်ယောက်တည်း သွားဖို့ ဖြစ်လာရသည်။

ညဦးပိုင်းမှာ ပြုလုပ်သည့် ပါတီ ဖြစ်လို့ ဒီနေ့အတွက် Schedule ကို လူစားထိုးထားခဲ့ရသည်။

ပါတီပွဲက ဟော်တယ်တစ်ခုမှာ ကျင်းပတာဖြစ်ပြီး ပွဲတက်ရောက်သူတွေအတွက် ကောဇော်နီခင်းပြီး မီဒီယာသမားများနဲ့ ဓာတ်ပုံရိုက်ဖို့ နေရာတစ်ခုလုပ်ထားသေးသည်။
ထိုအခြင်းအရာကို မြင်တော့ Jimin က တော်တော်လေး ကြီးကြီးကျယ်ကျယ်လုပ်တာပဲ လို့ တွေးမိသေးသည်။
Jimin သည်လည်း နာမည်ကြီး TV Presenter တစ်ယောက်ဖြစ်သည့်အလျောက် ထို ကောဇောနီပေါ်မှာ ဓာတ်ပုံအရိုက်ခံရသည်။
ဒီနေ့အတွက် Jimin က ပိုးသားရှပ်အင်္ကျီအနက်ကို ရွေးချယ်ထားပြီး ဘောင်းဘီ နဲ့ ရူးဖိနပ်ကော အနက်ရောင်ဖြစ်သည်။ ဆံပင်တွေကို သပ်ရပ်စွာ လှန်တင်ထားပြီး တစ်ကိုယ်လုံး နက်စွေးနေပေမဲ့ ထိုအရာကပဲ သူရဲ့ ဖြူသော အသားအရောင်ကို ပို၍ လင်းထွက်သွားစေသည်။
ပလက်တီနမ် ဟန်းချိန်းတစ်ခုနဲ့ ဘယ်ဘက်လက်ညိုးမှာ လက်စွပ်တစ်ကွင်းရှိသည်။

အခုချိန်ဆိုရင်တော့ မီဒီယာပေါင်းစုံရဲ့ Blog ပေါင်းစုံမှာ အနက်ရောင်မင်းသားလေး Park Jimin ရဲ့ ပုံတွေ ပလူပျံနေလောက်ရောပေါ့။

ပါတီပွဲက ဟော်တယ်တစ်ခုရဲ့ Dinning Hall ထဲမှာ ပြုလုပ်တာဖြစ်သည်။ ခန်းမရဲ့ မျက်နှာကျက်မှာ ရွှေရောင်မီးပန်းမီးဆိုင်းတွေတပ်ဆင်ထားပြီး ကြမ်းပြင်မှာတော့ အနီရောင်ကောဇောခင်းကာ ခန်းမတစ်ခုလုံးက ရွှေအိုရောင်လွှမ်းလျက်ရှိသည်။

စားအသောက်တွေကို ခန်းမရဲ့ ဘေးတစ်ဖက်မှာ ထားရှိပြီး ကိုယ်တိုင်ယူစနစ်ဖြစ်ကာ စားပွဲဝိုင်းအမြင့်တွေချထားပြီး ထိုင်ခုံ‌ေတွတော့မရှိပါ။

Way Back To You (completed)Where stories live. Discover now