ဂေါ်လီလုံးလေး ကုန်းမြင့်ကိုတက်နေရသလိုပင် အင်မတန်မှ လေးတွဲ့နေသည်။ ကုန်းဆင်းဆိုလျှင် ချောခနဲဆင်းနိုင်သလောက် အခုဟာဖြင့် ကုန်းတက်ဖြစ်နေသည်မို့ ခရီးကမတွင်နိုင်။
လခြမ်းကွေးကလည်း ထိုဂေါ်လီလုံးလေးလိုပင်..အခု သူမဟာ ကမ္ဘာပေါ်မှာ အလေးလံဆုံးသောအရာကို သယ်ပိုထားရသည်။ ဒီနေ့ဟာ နောက်ဆုံးနေ့မို့ အားတင်းထားပါသော်လည်း မရနိုင်တော့ပေ။လက်မြှောက်အရှုံးပေးချင်နေသည်။
သို့သော်လည်း ဇွတ်အားတင်းဖွင့်နေသော်လည်း မျက်ခွံဟာ အနည်းငယ်သာပွင့်လာသည်။
"ဟေ့ အကွေး..."
နား,နားကပ်ကာ လက်ခုပ်တီးသည့် အလင်းကြောင့် အကွေးခဗျာ ကြမ်းပြင်ပေါ်သို့ လဲချလိုက်တော့သည်။အသံကြားရရင်ပိုအိပ်ချင်ပြီး၊ နှိုးမယ့်သူရှိရင် မထ,ချင်တော့တာ ထုံးစံ။အခုလည်း ညီမလေး၏ ကောင်းမှုကြောင့် လခြမ်းကွေးသည် မနိုင်ဝန် ထမ်းနေတာကို လွှတ်ချလိုက်ပြီး စာထိုင်ကျက်နေသည့် ကြမ်းပြင်မှာတင် အိပ်ချလိုက်တော့သည်။
ထိုနေ့ညက ဗိုင်းခနဲလှဲအိပ်ချလိုက်သည့်ကောင်းမှုကြောင့် အမှတ်စာရင်းထွက်တော့ Bioအမှတ်ဟာ ၄၀ကွက်တိသာရခဲ့သည်။
"နင်ဟာလေ အကွေး၊"
အမှတ်စာရင်းစာရွက်ကိုကြည့်ပြီး မကျေမနပ်ပြောနေသော်လည်း အရင်ကလို ဒေါသမထွက်ဖြစ်ပါ။ အောင်စာရင်းထွက်သည့်နေ့က မြတ်ဘုန်း ဘယ်လောက်ထိပျော်ခဲ့လဲဆိုတာ သူကလွဲလို့ဘယ်သူမှသိမည်မဟုတ်။
အောင်စာရင်းကို မနက်သုံးနာရိီခွဲထ,ပြီးသွားကြည့်ခဲ့တာဟာ သူ့အတွက်မဟုတ်ပဲ သူငယ်ချင်းမအတွက်ဖြစ်သည်။ကိုယ်တိုင်အနေနဲ့ဆို အောင်စာရင်းကိုစိတ်ပူစရာမလိုပေ သို့သော်လည်း သူ့မှာအောင်စာရင်းထွက်မည့်ညက
"အကွေးမှ အောင်ပါ့မလား။" ဆိုတဲ့ အတွေးနဲ့တစ်ညလုံးအိပ်လို့မရပေ။အောင်စာရင်ကြည့်ပြီးလို့ သူ့အိမ်ကိုသွားပြောတော့ အကွေးကတော့ အဲ့ဒီနေ့က တောထဲသွားသည်တဲ့။ ဒါနဲ့သူကပဲ သူမလေး စာမေးပွဲ အောင်ကြောင်းပြောကာ အိမ်ပြန်လာခဲ့ရသည်။ နောက်နေ့မှ သိရတာက သူမသည်အဲ့ဒီနေ့ကတောထဲမှာကြက်တိုက်နေသည်ဆိုတာပါပဲ။
YOU ARE READING
ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)
Poetryအချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။