"မသွားပါနဲ့ဆိုမှပဲ"
မနက် အကွေးက ကောင်းနဲ့လိုက်သွားမယ်လို့ ပြောသည့်အချိန်ထဲက ကြယ်စင်လင်းဟာ အမဖြစ်သူဆီကနေမခွာပေ။ အခုလည်း အကွေးအတွက် လိုအပ်တာတွေကို ကားပေါ်တင်ပေးနေရင်းနဲ့ ဂျစ်တိုက်နေသေးသည်။
"ဘာမှလည်း ဝေးတာမဟုတ်ပါဘူး အလင်းရာ၊
ငါလည်း ပြန်မလာပဲမနေပါဘူး။နင်လည်း လာလည်ရင်ဖြစ်တာပဲ။ပြီးတော့ ကောင်း ကျောင်းသွားရင် ငါအိမ်ပြန်လာမှာပဲကို""ငါလည်း ကျောင်းတတ်ရမှာလေဟာ"
ထိုအခါမှ အလင်းတောင် တက္ကသိုလ်ကျောင်းသူကြီးဖြစ်တော့မယ်ဆိုတာကို သူမ သတိရမိသွားသည်။အချိန်တွေက တဖြည်းဖြည်းချင်းနဲ့ ကုန်လွန်တာသိပ်မြန်ပါရော့လား။သူမရဲ့ ညီမအငယ်လေးတောင် အပျိုကြီးဖားဖား အရွယ်ရောက်လာပြီ။အခုထိ ညီမငယ်အတွက် အကွေးမှာ ဘာမှကိုမလုပ်ပေးရသေးပါ။
"...."
"ဘာလို့ ငိုနေတာလဲ။
ယောကျာ်းနဲ့ လိုက်သွားရမှာကိုတွေးပြီးငိုနေတာဆို မငိုနေနဲ့တော့၊ ကားသမားကို ငါပြန်လွှတ်လိုက်မယ်"
ကားငှါးထားပြီး သွားဖို့အကုန်ပြင်ဆင်ပြီးတာကို သိလျက်နဲ့ ကြယ်စင်လင်းအခုချိန်ထိ အမဖြစ်သူကို မသွားစေချင်သေးပါ။ကျန်တာတွေထက် အကွေးကို အလင်း စိတ်မချနိုင်ပါ။ဗိုက်တစ်လုံးနဲ့ ဘာမှမသိပဲအူလွန်းတဲ့အကွေး၊အခုထိ ကျောင်းမပြီးသေးတဲ့ အမဖြစ်သူရဲ့ ယောကျာ်း၊ သူတို့နှစ်ယောက် ဘာလုပ်စားကြမလဲဆိုတာကို တွေးမိရင် အလင်းမှာ စိတ်ပူရသည်။ဒီတိုင်း အိမ်မှာနေတာကို ပိုကောင်းသည်ဟုလည်း အလင်းထင်သည်။ ထို့ကြောင့် မသွားဖို့ကို ပြောနေခြင်းပါ။
"အလင်းရယ် အကွေးကိုငိုအောင်ပြောမနေနဲ့တော့လေ..သွားမယ့်လာမယ့် ခရီးကို မနှောင့်ယှက်ဖြစ်ရအောင်"
လမ်းမှာစားဖို့ မုန့်ထုတ်ကို ယူလာပေးရင် မြစိမ်းရင်လည်း သမီးနှစ်ယောက်အနားကို ရောက်သွားသည်။ မုန့်ထုတ်ကို ကမ်းပေးလိုက်တော့ အကွေးက မျက်ရည်တွေနဲ့ အမေဖြစ်သူကို ကြည့်ပြီး မုန့်ထုတ်ယူသည်။
သိပ်မကြာပါဘူး သူမအဖေပါရောက်လာပြီး...
"ကဲ ပစ္စည်းတွေစုံပြီဆို ထွက်တော့လေ၊ နေဝင်သွားရင် မကောင်းဘူး။ရော့ အကွေး..."
ဟုဆိုကာ ပိုက်ဆံထုတ်လေးသူမဆီသို့ ကမ်းပေးသည်။
YOU ARE READING
ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)
Poetryအချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။