အပိုင်း (၇)

14.4K 597 9
                                    

ဆိုင်ကယ်ထားတဲ့ နေရာမှာ လူတွေပြုံတိုးနေသည်။ ရှုံးမယ်မှန်းသိပေမယ့်လည်း ဒီနေ့က နောက်ဆုံးနေ့လို့ပြောလျှင်ရသည်။ ဒီတစ်ပွဲမှာ ရှုံးရင် အင်္ဂလိပ်စာက ဘောပွဲကနေ ထွက်ရမည်မို့ တတ်နိုင်သလောက်အားပေးကြဖို့ရန် လူတွေများနေသည်။

မနက်ခင်းပိုင်းဖြစ်တာမို့ ပထမနှစ်တွေရဲ့ အင်အားကလည်းမနည်းမနော။ ခြေလျင်သွားတဲ့သူရော ၊ ဆိုင်ကယ်နဲ့ သွားတဲ့သူရော အားလုံးက သမိုင်းဌာန ရှေ့မှာ ပြုံတိုးနေသည်။

"အကွေး တက်တော့..."
ဆိုင်ကယ်ထုတ်ပြီး ဆောင်းသခင် လခြမ်းကွေးကိုအော်လိုက်ရသည်။သူမက လူတွေအများကြီး ရှိနေတာကို တမေ့တမော ကြည့်နေသည်ထင်ပါရဲ့။

သက်လွင်တို့ကတော့ အရှေ့ကနေသွားနှင့်ပြီ။ ဘောလုံးကွင်းက ကျောင်းမှာမရှိသည်မို့ ခရိုင်ကွင်းကို သွားပြီးကန်ရသည်။ အဲ့ဒါကြောင့် ကြည့်မယ့်သူတွေကလည်း ခရိုင်ကွင်းကိုသွားကြသည်။ ဆိုင်ကယ်နဲ့လမ်းတဲ့ လမ်းတစ်လျှောက် မေဂျာတံဆိပ်ပါတဲ့ စွတ်ကျယ်အင်္ကျီ အနက်ရောင်နဲ့ Globalစာအုပ် အနက်ရောင်ကို ကိုင်ထားတဲ့ သူတွေက မနည်းမနောပင်။

"ပါးကွက်တွေ၊ ဒေါက်ဖိနပ်တွေ ကျောပိုးအိတ်တွေနဲ့
ပထမနှစ်လေးတွေ...ချစ်စရာကောင်းတယ်"

"တိုက်ဂေါတွေများ"

"နင်ကလည်း ငါတို့လည်း ပထမနှစ်တုန်းက သူတို့လိုပဲလေ"

"ငါတို့မဟုတ်ဘူး နင်တစ်ယောက်ထဲအကွေး"

ဆောင်းပြောတာလည်းမမှား။အဲ့ဒီတုန်းက..ဒေါက်ဖိနပ်နဲ့မိတ်ကပ်နဲ့ လခြမ်းကွေးရဲ့ ပုံစံက သူကြီးသမီးဆိုဒ်နဲ့။ အခုတော့လည်း သူမနဲ့လိုက်ဖက်တဲ့ပုံစံကို ရှာတွေ့သွားပြီထင်ပါတယ်။ ဘာမှအထွေအထူးမလုပ်တော့ပဲ နဂိုမူရင်းလေးအတိုင်းနေသည်။ တခါတလေ မပြင်မဆင်လွန်းအားကြီးပြီး မျက်နှာမသစ်ပဲတောင် ကျောင်းလာတတ်နေပြီ။

သူမလေးကို ပြောလိုက်လို့ထင်ပါတယ် အသံထပ်ပြီးထွက်မလာတော့။ ဆောင်းလည်း ဘာမှထပ်ပြောမနေတော့ပဲ သက်လွင်တို့ဆိုင်ကယ်ကို သာအမှီလိုက် လိုက်သည်။ TTCလမ်းကြားဘက်က ချိုးပြီး ပေါက်ချောင်းစျေးထိပ်ကနေ မြောက်ဘက်ကွေ့တော့ ခရိုင်ကွင်းကိုရောက်သည်။

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)حيث تعيش القصص. اكتشف الآن