"အဲ့မှာမထိုင်ဘူး လာ..."
လက်ကိုဆွဲတော့လည်း ချက်ချင်းရုန်းသည်။ ဘေးချင်းယှဥ်ပြီးလျှောက်လာသည့်တိုင် ခပ်ခွာခွာနေသည်။ဒီဟာလေး ဘာဖြစ်ပြန်တာလဲဆိုတာ စဥ်းစားလို့မရတော့။
အိမ်ပြန်သွားတုန်းကတောင် အကောင်းကြီးပါ။ဒီစနေ၊တနင်္ဂနွေမှာ ဘာတွေများဖြစ်လာပြန်ပြီလဲမသိဘူး။သန္တာပြောပြချက်အရ မနေ့ကလည်း တနေ့လုံး စောင် ခေါင်းမြီးခြုံအိပ်နေသည်တဲ့။ မြတ်ဘုန်းကတောင် အကွေးက ဘာဖြစ်နေလဲလို့ မေးတာအခါခါ။
ဘာမှပြန်မဖြေပဲ ခေါင်းယမ်းပြပြီး သူမအဆောင်ထဲဝင်သွားသည်။ဒီနေ့လည်း အတန်းသာတတ်နေတာ ငူငိုင်ငိုင်နဲ့။ဒါကြောင့် မြန်မာစာအချိန်မှာ သူမလေးကို ဇွတ်ဆွဲခေါ်ပြီး ဆောင်း အပြင်ထွက်လာခဲ့ခြင်းပင်။
Zooဆောင်ဘေးက ကုက္ကိုဝိုင်းကို သွားဖို့လုပ်နေတာကြောင့် ဆွဲခေါ်တော့လည်း ရုန်းသည်။ဘေးချင်းယှဥ်လျှောက်နေတာတောင် ဆောင်းနဲ့ခပ်ခွာခွာသာနေသည်။
"ကျစ် လာလိုက်တော့ဟာ..."
မရ မက လက်ကိုဇွတ်ဆွဲပြီး ကန်ဘောင်က တမာပင်အောက်ရှိ ခုံတန်းလျားဆီဆွဲလာလိုက်သည်။လမ်းမှာ သူမလက်ကို ရုန်းကန်နေပေမယ့်လည်း ဆောင်း အလွှတ်မပေးမိ။"နာတယ်ဟ.."
"ရပြီထိုင်တော့..."
ခုံကိုရောက်မှ သူမလေးကို လက်ကနေလွှတ်ပေးပြီး ပခုံးကနေကိုင်ကာ ထိုင်ခုံမှာထိုင်စေလိုက်သည်။ထိုအခါမှာလည်း ဆောင်းကို မကြည့်ပဲ ကန်ရေပြင်ကိုသာကြည့်နေသည်။"ဘာဖြစ်တာလဲဆိုတာ ပြောလိုက်တော့ အကွေး၊
ငါလည်း စိတ်မရှည်တော့ဘူး""ဘာမှမဖြစ်ပါဘူးဆိုနေ"
"ဖြစ်နေတာသိတယ် အပိုတွေမလုပ်စမ်းနဲ့၊
ပြောစမ်းပါဟာ..."
သူမပခုံးကို ဆောင်းနဖူးလေးနဲ့ ခပ်ပြင်းပြင်းတိုက်ရင်း ပြောတော့ သူမက အနည်းငယ်နေရာရွေ့သွားပြီး ဆောင်းဘက်သို့ ငဲ့ကြည့်၏။"ဒီလိုပါပဲ"
"ကျစ်..ဒီလိုပါပဲဆိုတာက ဘယ်ကတတ်လာပြန်တာလဲ၊ ပြော ပြောဟာ..."
သူမလေးရဲ့ ခါးကိုပါ လက်သီးနဲ့ခပ်ဖွဖွထိုးရင်း ပြောမိတော့ ကိုယ်လေးက အနည်းငယ် နောက်သို့ တွန့်ဆုတ်သွားပြန်၏။ဒီလိုနဲ့ပဲ ဆောင်းနဲ့ သူမရဲ့ အကွာအဝေးက အလယ်မှာလူတစ်ယောက် ဝင်ထိုင်လို့ရနေသည်။
VOCÊ ESTÁ LENDO
ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)
Poesiaအချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။