လကုန်ရက်မို့ မန်မီနှင့်အတူ စျေးဝယ်ထွက်သည်က ဒီတစ်ခေါက်တော်တော်လေး အခက်တွေ့ခဲ့ရသည်။ လိုချင်တာတွေ ယူလာပြီး ပိုက်ဆံရှင်းချိန်မှာ ကဒ်ထဲမှာ ရှိတဲ့ ပိုက်ဆံက မလောက်ဖြစ်နေသည်မို့ အကွေးမှာ မျက်နှာပူတယ်ဆိုတဲ့ အသုံးကို ကိုယ့်တွေ့နားလည်ခဲ့ရသည်။
မရှိဟူသော ထိုစကားကို မကြားခဲ့ဖူးတာတော့မဟုတ်သော်လည်း ကောင်းနဲ့အတူရှိနေသည့်အချိန်တိုင်းမှာ ထိုသို့တစ်ခါမှ မဖြစ်ခဲ့ဖူးပါ။ မနေ့ညက ကောင်းက ကဒ်တောင်းတာမို့ ဘာမှမတွေးပဲ ပေးလိုက်တာက ဒီလို မျိုးဖြစ်ဖို့မှမဟုတ်တာ။
"ကောင်း ငါတကယ်ပဲမိန်းမဖြစ်လာပြီထင်တယ်။
ငါလည်း ပိုက်ဆံကြောင့်နဲ့ စိတ်ဆိုးဒေါသထွက်တတ်နေပြီ"အထုတ်တွေချပြီး ချက်ချင်းမှာပဲ သူမက ငေးငိုင်ငိုင်လေပြောသည်။
"ဘယ်လိုဖြစ်လာတာလဲ ဆိုတာကို ပြောပါဦးဗျာ။"
"ကဒ်ထဲမှာ ပိုက်ဆံမရှိတော့ဘူး ကောင်း။
ငါသိသိချင်း စိတ်တိုပြီး ကောင်းကို ဒေါသထွက်နေတယ်။""ကျွန်တော် မေ့တာအကွေးရာ။
ကျွန်တော် အိမ်ဝယ်လိုက်တာ အကွေးကဒ်ထဲကဟာအကုန်သုံးလိုက်ရတယ်။ သပ်သပ်ရှိနေတဲ့ ဒီကဒ်ကို အကွေးယူလိုက်လေ"အံဆွဲထဲမှာ ရှိသည့် ကဒ်လေးကို အကွေးဆီသို့ ကောင်းက ချက်ချင်းပဲ ကမ်းပေးလေသည်။
"အိမ်က ဘယ်မှာဝယ်လိုက်တာလဲဟင်။
နှစ်ပြည့်ပြီ မဟုတ်ဘူးလား"စာချုပ်သက်တမ်း ၇နှစ်ပြည့်ဖို့ရန်အတွက် လပိုင်းလောက်သာ လိုတော့သည်မို့ အိမ်ဝယ်လိုက်တယ်ဆိုတဲ့ ကောင်းကို အကွေးလိုက်လို့မမှီတော့။ အခုလ လစာအပါအဝင် အကွေးကို ပေးထားတဲ့ ကဒ်ထဲက တော်တော်များများကို ထုတ်ယူသုံးစွဲလိုက်သည်မို့ ကောင်းရဲ့ အိမ်ဝယ်တယ်ဆိုတဲ့ နေရာက တော်တော်လေးတော့ စျေးကြီးမည်။
"Paris မှာဝယ်လိုက်တာ။
စာချုပ်သက်တမ်းကို ၂နှစ်ခွဲလောက် တိုးဦးမှလားလို့ အကွေးရ""ဟင် ဒါဆို အိမ်မပြန်ရသေးဘူးပေါ့။"
အလင်းဘွဲ့ယူတုန်းကလည်း အကွေးမှာ ပြန်မလာနိုင်ပဲ ဖြစ်ရတာမို့ ၇နှစ်ပြည့်လျှင်တော့ အိမ်ကို တစ်လလောက်ပဲဖြစ်ဖြစ် ပြန်မည်လို့ တွေးထားခဲ့သည်။
YOU ARE READING
ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)
Poetryအချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။