"ကျွန်တော် မေးစရာရှိလေးရှိတယ်၊
အကွေးဖြေပေးချင်လား.....""အင်း ဘာအကြောင်းလဲ၊ ကမ္ဘာကြီးအကြောင်းလား
ဒါမဟုတ် ကဗျာတွေလား..တောင်တန်းတွေအကြောင်းလား...."
ပြောနေရင်းနဲ့ သူမလက်တဖက်ကို ကောင်းလှဲနေသည့်ဘက်သို့ဆန့်တန်းလိုက်သည်။ ကောင်းကလည်း အလိုက်တသိပင် အကွေးရဲ့လက်ဆီသို့ သူ့လက်ကမ်းပေးဖြစ်သည်။ထိုအခါ အကွေးက ကောင်းရဲ့လက်ကို ဖမ်းဆုပ်ကိုင်ထားပြီး....
"နာဂတောင်တန်းတွေရော အဆင်ပြေရဲ့လားမသိဘူး။ ဒါပေမယ့်လည်း မြတ်ဘုန်းက အဆင်ပြေမှာပါလေ....ဒါနဲ့ ကောင်းသိလား၊ ဆရာကြီးဒေါက်တာနာဂသန်းလှိုင်လေ...""အင်း...."
တကယ်ဆို ကောင်းမှာမေးစရာမရှိပါ။သူမလေးဘက်က ဒီညမှာငြိမ်နေတာကြောင့် ကောင်းဘက်က စကားစ,ပေးလိုက်ခြင်းပါ။ထုံးစံအတိုင်း အခုတော့ဖြင့် သူမလေးရဲ့မေးသံ၊ဖြေသံလေးတွေကို ကောင်းကြားရပြီ။သူမလေးထိတွေ့ထားတဲ့ ကောင်းရဲ့လက်ဖဝါးဆီကနေပြီး ကောင်းတစ်ကိုယ်လုံးကို သူမလေးရဲ့ အနွေးဓာတ်တွေစီးဝင်နေသလိုခံစားရသည်။
"မြတ်ဘုန်း လည်း သူ့လိုဖြစ်မလားမသိဘူးနော်။
အဲ့ဒီမှာနေတဲ့သူတွေက သိပ်ရိုးသားတာ ကောင်းရဲ့"ကျွန်တော့် အတွက်တော့ အကွေးကသာအရိုးသားဆုံးနဲ့အဖြူစင်ဆုံးပါ။
ပြန်မဖြေပဲ သူမကိုပဲ ကြည့်နေတဲ့ ကောင်းကြောင့် သူမ အနည်းငယ်လေးတော့ ကောင်းအနားကို တိုးမိသည်။အနည်းငယ်လေးဆိုပြီး တိုးလိုက်တာက ကောင်းလက်မောင်းပေါ်ကို ခေါင်အုံးထားမိပြီ။
"မိုးဟိန်း လက်မောင်းက ကောင်းထက်ပိုပြီးကြီးတယ်။ဒါပေမယ့်လည်း ကောင်းဆီမှာပိုပြီး အုံး လို့ကောင်းတယ်။မိုးဟိန်းလက်မောင်းက ပိုပြီးမာတော့ ခေါင်းအုံးရတာ ကျွတ်ဆတ်ဆတ်နဲ့"
နာဂတောင်တန်းတွေကနေ ခေါင်အုံးဆီသို့ ရောက်လာတဲ့ အကွေး။မွေ့ယာတစ်ဖက်အစွန်းကနေ ကောင်းရဲ့ရင်ခွင်ထဲကို ရောက်လုနီးပါး ဖြစ်နေတဲ့ အကွေး။ဒီလို အကွေးကို ကောင်းမှာ အသဲတယားယားနဲ့ ချစ်လို့မဆုံးဖြစ်နေရသည်။
YOU ARE READING
ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)
Poetryအချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။