"လူတွေအများကြီးပဲ ကောင်း။
အိမ်မှာ ဘာလုပ်တာလဲမသိဘူး။"ဆိုင်ကယ်တွေနဲ့ ရှုပ်နေသည်ကြောင့် အိမ်ထဲ ကားဝင်လို့မရဖြစ်နေသည်။ ထို့ကြောင့်မျက်နှာချင်းဆိုင် အိမ်ဆီမှာ ကားထိုးရင်း သူမလေးပြောတဲ့ စကားကို နားဆင်နေရသည်။
"အကွေးရေ......"
ကားပြတင်းပေါက်ဆီမှ ပျံ့နှံ့လာပါသော အသံ။ မျက်လုံးဝိုင်းဝိုင်း၊ အသားဖြူဖြူနဲ့ ထိုအမျိုးသမီးက အကွေးထက်တော့လှသည်။ ထိုအမျိုးသမီးက မျက်လုံး၊ မျက်ခုံး၊ နှာတံ၊ နှုတ်ခမ်း သူ့နေရာနှင့်သူ အပြစ်ပြောစရာမရှိ၊ ပြစ်မျိုးမှဲ့မထင်လှသည်။
"ဟယ် မကြီး ဘယ်တုန်းကရောက်လဲ။"
ချက်ချင်းပဲ ကားပေါ်ကနေဆင်းကာ ထိုအမျိုးသမီးကို ဖက်ထားလေတဲ့ လခြမ်းကွေး။
"ငါ့ကိုမှတ်ကော မှတ်မိရဲ့လား။ ဘယ်နှနှစ်တောင်ရှိပြီလဲ ငါ့တို့ညီမတွေ မတွေ့တာ။"
"ကြာပြီ။ တော်တော်လေးကို ကြာပြီ။
ဒါနဲ့ မကြီးရဲ့ အမျိုးသားရော၊ ဟိုဘက်တလောက စပ်မိရင်း မကြီးအိမ်ထောင်ကျသွားတယ်လို့ ကြားတယ်။ သူရောပါလား...""အမေနဲ့အဖေလည်း ပါတယ်လေ။
ဦးဦးက အမျိုးတွေအကုန် စုထားတာ ကန်တော့ရအောင်လို့လေ။""တကယ်"
"အေး..."
ပြုံးရွှင်နေတဲ့ သူမမျက်နှာက လခြမ်းကွေးလေးလိုပဲ လင်းလက်လို့နေသည်။
ထိုအချိန်ဘေးမှာ လာရပ်သည့် ကောင်းကြောင့်...
"ဒါ ကောင်းလေ။ သမီးအမျိုးသား...""အင်း။"
လက်ဆွဲနှုတ်ဆတ်ကြသည်မဟုတ်ပဲ အပြုံးဖြင့် ခေါင်းငြိမ့်၍အသိအမှတ်ပြုသည်က ရွာဓလေ့ထုံးတမ်းတစ်ခုပင်။
"မကြီိး...."
"ဟယ် သော်တာလည်း ပါတယ်"
"ငါလည်းပါတယ်ဟေ့...."
နောက်ထပ်အမျိုးသမီးငယ် တစ်ယောက်နဲ့အတူ ထွက်လာပါသော အမျိုးသမီးကြီးတစ်ဦးကို မြင်တော့ လခြမ်းကွေးက ထိုအမျိုးသမီးကြီးဆီသို့ ပြေးသွားသည်။
ESTÁS LEYENDO
ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)
Poesíaအချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။