"ချီပါ" လို့ ပြောတာကြောင့် ကောင်းပွေ့ချီလိုက်တော့ ကောင်းလည်ပင်းဆီကို လက်သေးသေးလေးတွေတွဲခိုပြီး ကောင်းရင်ဘက်မှာ ခေါင်းမှီရင်းငြိမ်သက်သွားသည်။
အကိုသက်လွင်က နောက်ကနေ စက်ဘီးတွန်းလာပေးသည်။ အမသန္တာကလည်း ကလေးတစ်ဖက်နှင့် သူတို့မှာလည်း ဒီသူငယ်ချင်းကြောင့်နဲ့ရင်မအေးရပါ။အကိုမြတ်ဘုန်းကတော့ တော်တော်လှမ်းလှမ်းကနေလိုက်လာသည်။
"အကွေး...."
အိမ်ရှေ့ရောက်တော့ ရင်ခွင်ထဲက လခြမ်းကွေးလေးကို ခေါ်ကြည့်လိုက်သည်။သို့သော်လည်း အကွေးရဲ့ထူးသံအစား....အကိုမြတ်ဘုန်းရဲ့အသံကိုကြားရသည်။
"စိတ်ပင်ပန်းရင် အိပ်ပျော်သွားတတ်တယ်၊
အိပ်ရာပေါ်သွားချပေးလိုက်တော့""ဟုတ်ကဲ့..."
အကွေးအိပ်သွားပြီမို့ အမသန္တာတို့လင်မယားကပြန်သွားသည်။ အကိုမြတ်ဘုန်းကတော့ အိမ်ပေါ်ကို မတက်လာသေးပဲ အိမ်အပြင်မှာသာ ကျန်ခဲ့သည်။ကောင်း အကွေးကို မွေ့ရာပေါ်ချပေးပြီး အပြင်ပြန်ထွက်ခဲ့လိုက်သည်။
၇နာရီကျော်ပဲ ရှိသေးသည်မို့ အိပ်ဖို့ရာကလည်း မအိပ်ချင်သေး။အိမ်အပြင်ကို ကြည့်မိတော့ ဖုန်းပြောနေတဲ့ အကိုမြတ်ဘုန်း....
"ကျွန်တော်ဘာဆက်လုပ်ရမလဲ အကိုကြီး၊
ကျွန်တော့်အဖြစ်က ပိုးစုန်းကြူးကို မီးတောက်ကြီးဖြစ်အောင်ကြိုးစားနေသလိုပဲ ၊ မဖြစ်နိုင်ဘူးဆိုတာကို သိလျက်နဲ့ဗျာ...ကျွန်တော်လက် မလွှတ်နိုင်သေးဘူး။"တစ်ဖက်က ဘာပြန်ပြောလည်းတော့ ကျွန်တော်မကြားရ အကိုမြတ်ဘုန်းကတော့ ခဏ ငြိမ်သွားပြီး...
"နှလုံးသားဆိုတဲ့ အရာကလည်း ခက်သားဗျာ၊ သူက မရှိအပ်တဲ့အရာကိုမှ အပိုင်သိမ်းပြီးမြှုပ်နှံထားချင်တာ။ ကျွန်တော် သိခဲ့ပါလျက်နဲ့ လက်တွေ့မှာ ဘာလို့ ရင်မဆိုင်နိုင်တာလဲဗျာ....."ဖုန်းသံကို speakerဖွင့်ပြီးမပြောတော့ တစ်ဖက်တည်းက စကားကိုပဲ ကြားနေရသည်။ တခြားတစ်ဖက်က ဘာပြန်ပြောနေသလဲဆိုတာကို ကျွန်တော်မကြားရ။ အကိုမြတ်ဘုန်းဘက်က အချိန်တော်တော်ကြာ ငြိမ်ရင်း နားထောင်နေသည်။
YOU ARE READING
ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)
Poetryအချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။