အပိုင်း (၃၅)

11K 401 40
                                    

တကယ်ပဲ ညကို ကုန်ဆုံးခဲ့ပြီ။အခန်းရှိ အဖြူရောင်ဖဲလိုက်ကာတွေ၏ကောင်းမှုကြောင့်နဲ့ နေရောင်ခြည်ကိုမမြင်ရသေးခင်မှာတင် လက်သန်းကြွယ်မှာ ရှိနေတဲ့ လက်စွပ်ကို ကြည့်ပြီး အကွေးပြုံးနေမိသည်။ရေချိုးခန်းသုံးတစ်ပတ်တစ်ထည်ကို အလွယ်ယူပြီးဝတ်ထားသည်မို့ သူမရဲ့ လည်ပင်းတဝှိုက်မှာရှိနေတဲ့ နီညိုရောင်အမှတ်တစ်ချို့ကို ကုတင်အစွန်းကနေထိုင်ရင်းမှ  မှန်မှတဆင့်မြင်နေရသည်။

ဒူးအထိရှည်တဲ့ တပတ်သည် ဒူးဆစ်မှအစ ခြေထောက်တစ်လျှောက်ကို ငုံ့လို့ကြည့်မိတော့လည်း နေရာကွက်ကျားမှာ နီညိုရောင်အကွက်တစ်ချို့နှင့် ကိုက်ရာတစ်ချို့ကိုပါ မြင်နေရသည်။ထိုမြင်ကွင်းတွေမှတဆင့် သူမရဲ့အတွေးတို့သည်....

"ကောင်း ငါတို့တကယ်ပဲ တကယ်။
ငါ ငါကြောက်တယ်။ ခဏ ခဏလေးကောင်း"

အမြဲတမ်း အကွေးရဲ့စကားကို ဂရုတစိုက်နှင့်နားထောင်ပေးတတ်တဲ့ ကောင်းသည် အခုတစ်ခါမှာလည်း ရှုပ်ထွေးရိပ်တွေပြည့်နေတဲ့ အကွေးရဲ့မျက်နှာကို တည်တည်ကြည်ကြည်နှင့်ပင် ကြည့်နေကာ ငြိမ်ပြီးနားထောင်ပေးနေသည်။

"ငါ..."

သူမဝတ်ထားတဲ့ ဂါဝန်အရှည်သည် ညာဘက်ပေါင်ရင်းနားမှ အောက်ထိခွဲကြောင်းရှိသည်မို့ သူမရဲ့ခြေထောက်တို့သည် အခန်းထဲက အအေးဓာတ်ကို ပိုပြီးခံစားနေရသလိုပါပဲ။ မဟုတ်လည်း သူမရဲ့ လက်ရှိအတွေးတွေနဲ့တင် သူမရဲ့ ခန္ဓာကိုယ်က အေးစက်ပြီး ယိုင်လဲချင်နေသည်။

မိတ်ကပ်လိမ်းနေတဲ့ တစ်လျှောက်မှာ ပြောကြားခဲ့တဲ့ အင်ဒူလင့်ရဲ့ပို့ချချက်တွေက နားထဲကိုအစီအရီပြန်ဝင်လာသည်။ ကောင်းရဲ့ စိတ်တွေကို ချည်နှောင်ထားဖို့ဆိုတာက သူမတို့နှစ်ယောက်ကြားမှာ ပွင့်လင်းမှုတွေရှိမှရမည်။ တက္ကသိုလ်တတ်စဥ်က တစ်ခါသာရှာကြည့်ဖူးခဲ့တဲ့ "Living together" စကားလုံးနှင့် ထိုအကြောင်းတွေ့ရှိခဲ့တဲ့ ဓာတ်ပုံအချို့နှင့် vedio fileတစ်ချို့ကို အကွေးပြန်ပြီးမြင်ယောင်လာသည်။

အခု သူမနဲ့ ကောင်းရဲ့အနေအထားကလည်း ထိုသို့ဖြစ်ရတော့မည်လို့ တွေးမိပြီး သူမခေါင်းကို ခါယမ်းလိုက်ကာ ကုတင်ပေါ်ရှိ ခေါင်းအုံးထက်က Eye mask ကို ယူတပ်လိုက်သည်။ပြီးမှ ကောင်းရှိရာသို့ စမ်းတဝါးဝါးနှင့်သွားလိုက်ပြီး....
"ငါ အဆင်သင့်ဖြစ်ပြီ ကောင်း။"

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Where stories live. Discover now