"ကျွန်တော် သွားတော့မယ်နော် အကွေး"
မနက် ၄နာရီိတောင် မထိုးသေးပါ။ ဒီနေ့တော့ အကွေးက ကျွန်တော်အိပ်ရာထ,သည့်အချိန်မှာ သူမလေးပါ လိုက်ပါထ,ပြီး ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေသည်က ကျွန်တော် ရေချိုးခန်းက ထွက်လာသည့် တိုင် သူမကဖုန်းဆီကနေ အကြည့် မလွှဲသေး။
"အကွေး..."
သူမထိုင်နေသည့် အခန်းထဲက ဆိုဖာရှေ့ကို ကျွန်တော်သွားရပ်လိုက်သည်။
"အင်း"
"ကျွန်တော် သွားတော့မယ်လို့"
"အင်း"
တစ်ချက်သာ မော့ကြည့်ပြီး ဖုန်းကိုပြန်ပြီး အာရုံစိုက်နေသည့် ကျွန်တော့် လခြမ်းကွေး ဘာတွေများဒီလောက်ထိ ကြည့်နေတာလဲဆိုတာ ကျွန်တော်သိချင်လာသည်မို့ သူမဘေးမှာ ကပ်ပြီးထိုင်လိုက်သည်။ ပြီးမှ သူမဖုန်းဆီကို ကြည့်မိတော့ အင်္ကျီပုံတွေကို အသေအချာကြည့်နေသည့် အကွေး။
ဒီရက်ပိုင်း အဝတ်အစားတွေပေါ်မှာ အကွေးအာရုံစိုက်လာတာကို ကျွန်တော်ရိပ်မိသည်။ အင်ဒူလင်က fashionမှာ ဆရာကြီးမို့၊ သူမဘေးမှာရှိနေတဲ့ ကျွန်တော့်လခြမ်းကွေးဟာလည်း ထုံးစံအတိုင်း အတုခိုးကာ Fashionကျကျ ဝတ်စားလာသည်။
အရင်ကလို ဂါဝန်တွေပဲဝတ်တာမဟုတ်တော့၊ ပေါ့ပေါ့ပါးပါး ဘောင်းဘီရှည်နှင့် အင်္ကျီအပွကြီးတွေလည်း မဝတ်တော့။ သူမ အခုရက်ပိုင်းမှာ အရောင်နုတာလေးတွေ၊ သူမရဲ့ခန္ဓာကိုယ်အနားကပ်နေတဲ့ အသားအိအိ ဂါဝန် ဒူးလယ်လောက်လေးတွေနဲ့ ဖိနပ်ကိုလည်း အင်္ကျီနှင့်လိုက်ဖက်ညီစွာ ဝယ်သည်လားတော့မပြောတတ် အခန်းထဲမှာ အကွေးဖိနပ်တွေများလာတာကို ကျွန်တော်သတိထားမိသည်။
သို့သော် ဖိနပ်တွေက Silpperလေးတွေနဲ့၊ ပန်းပွင့်ပါတဲ့ အပါးလေးတွေကြည့်သာ။ အင်ဒူလင်စီးသလိုမျိုး ဒေါက်အမြင့်ကိုတော့ အကွေးဆီမှာ မတွေ့ရသေး။
"စျေးဝယ်ထွက်ဦးမလို့လား အကွေးရ"
"Online ကနေမှာ မှာ။ ကောင်းကြည့်ပေးစမ်းပါ။ ဒီထဲက ဘယ်ဟာလေး လှလဲလို့"
ဒီလိုဆိုတော့လည်း သူမလေးက ကျွန်တော့်လက်ထဲကို ဖုန်းထဲ့ပေးပြီး ရွေးချယ်ခိုင်းသည်။
YOU ARE READING
ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)
Poetryအချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။