"ကျွန်တော် စျေးသွားမလို့၊
အကွေးလိုက်ချင်လားဟင်""အင်း.."
"ဒါဆို ထ"
သူမလေးရဲ့ ခန္ဓာကိုယ်လေးကို တွဲထူပေးတော့လည်း သူမက ကောင်းအလိုကျ ထိုင်ရာမှထ,လာသည်။ဘာမှတော့ မပြောပဲ ကောင်းကို ပဲကြည့်နေသည်မို့ ကောင်းကပဲ သူမလေးရဲ့လက်ကို ဆွဲပြီး အိမ်ပြင်ထွက်ခဲ့လိုက်သည်။
"စက်ဘီးနဲ့ သွားမှာလား"
"အင်းလေ..."
"ငါ့ကိုယ်ကို တင်နင်းနိုင်ပါ့မလား"
"ကျွန်တော့် အင်အားတွေအများကြီးရှိပါတယ်။
လာပါဗျာ..."အိမ်သော့ခတ်ပြီးနောက် သရက်ပင်အောက် ကစက်ဘီးအနားကို သူမလေးကို ခေါ်ကာ ထိုင်စေလိုက်သည်။ခြံတံခါးကို မပိတ်တော့ပဲ ဒီတိုင်းပဲထားခဲ့လိုက်သည်။
"ငါ့ဆီကိုလာတုန်းက စက်ဘီးနဲ့မတူဘူးနော်"
သူမလေးအိမ်ကို သွားတုန်းက စီးလာတဲ့စက်ဘီးကိုပြောသည်ထင်ပါရဲ့။ဒါကြောင့် ကောင်းလည်း...
"အဲ့ဒီဘီးက သူငယ်ချင်းဆီက ငှားလာတာ""ငါဆေးရုံရောက်နေတာ ကောင်းဘယ်လိုသိလဲဟင်"
"ကျွန်တော်လည်း အကွေးတို့ရွာမှာ ဘောလုံးကန်နေတာလေ။အကွေးကို မြင်တော့ ကျွန်တော်နောက်ကလိုက်ခဲ့လိုက်တာ.."
အိမ်ကနေ ထွက်ထွက်ချင်းက ကုန်းဆင်းမို့ အဆင်ပြေသော်လည်း အခုက ကုန်းတက်ကိုရောက်နေသည်မို့ ကောင်းမှာ စကားကို များများမပြောနိုင်။
သူမလေးကတော့ သိချင်သည်က များသည်ထင်ပါရဲ့ မေးခွန်းတွေဆက်မေးသည်။"ကောင်း ငါ့ကို လိုက်ရှာခဲ့လားဟင်"
"အင်း ရှာတယ်လေ၊"
ရှာလို့ပဲ အဲ့ဒီညပြီးထဲက ရမည်းသင်းနဲ့မိတ္ထီလာနဲ့ကို ကူးချည်သန်းချည် လုပ်နေတာလို့တော့ စိတ်ထဲကပဲပြောလိုက်သည်။"မောနေပြီလား..."
"နည်းနည်းပါ၊ ကုန်းတက်မိုလို့လေ"
"အင်း.."
ထို့သို့ အဖြေပေးပြီး သူမလေး အသံတိတ်သွားသည်။လမ်းထိပ်ကို ရောက်မှ ကောင်း အသက်ဝဝရှူလိုက်ပြီး စျေးဘက်သို့သွားရန်အတွက် မိန်းလမ်းမပေါ်ကနေ အရှေ့ကို ကွေ့ချိုးလိုက်သည်။
YOU ARE READING
ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)
Poetryအချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။