ဟိုတယ်အခန်းထဲတွင် ပြင်ဆင်နေကြရင်းမှ ကျွန်တော့်အနားကိုလျှောက်လာသော အကွေးသည်...
"ကောင်း ငါ့ကိုကြည့်ပါဦး။" ဆိုပြီး မျက်နှာကိုသူမလေးဘက်သို့ လှည့်စေသည်။
ကျွန်တော့်မျက်နှာက သူမနှင့်မျက်နှာချင်းဆိုင် အကြည့်ချင်းစုံပြီးဆိုခါမှ...
"ငါလှရဲ့လားဟင်.." ဆိုပြီးမေးလာသည်။ထိုအခါမှာ အကွေးရဲ့အကျင့်လေးအတိုင်း ကျွန်တော့်ကိုမော့ကြည့်နေရင်းက မျက်တောင်လေးတွေပုတ်ခတ်ပုတ်ခတ်လုပ်ပြီး နှုတ်ခမ်းလေးကိုလည်း မသိမသာလေး စူထားသေးသည်။
မျက်နှာမှာလိမ်းခြယ်ထားတဲ့ ပန်းနုရောင် ယှက်ပြေးနေမှုတို့နှင့်အညီ လင်းလက်နေသော မျက်ခွံလေးများဖြင့် အကွေးဟာအရမ်းကိုလှပါသည်။ ဆံပင်ကိုလည်း အလယ်ခွဲ ခွဲပြီး ဒီအတိုင်းလေးချထားတာဖြစ်သည်။
ဒီလိုဆိုတော့ ရိုးရိုးရှင်းရှင်းနဲ့တကယ်အူယားပြီး ဖက်နမ်းပစ်ချင်စရာလေးပါ။
"မလှဘူးလား.....။ ဟမ်...ဘယ်နေရာ ဘယ်နေရာက မလှတာလဲဟင်"
ကျွန်တော်က ချက်ချင်းပြန်မဖြေပေးသေးပဲ သူမလေးရဲ့မျက်နှာလေးကို သေသေချာချာကြည့်နေတာကြောင့်နဲ့ အဆုံးမှာသူမတွေးချင်ရာကို တွေးချလိုက်ပြီဖြစ်တဲ့အကွေးဟာ...
"ငါ တကယ်မလှတာလား..." လို့ ထပ်ပြောပြီး ကျွန်တော့်နားကနေ ထွက်သွားကာ မှန်ရှေ့မှာသွားရပ်လေသည်။ဒီလိုရွှေစိတ်တော်ညိုသွားတော့လည်း ကျွန်တော့်မှာ သူမလေးမေးတာကို ချက်ချင်းပြန်မဖြေပေးလိုက်တာကို နောင်တရမိပြီး တပ်လက်စဖြစ်သော ကြယ်သီးကိုပင်ဆုံးအောင်မတပ်တော့ပဲ မှန်ရှေ့က ချစ်စရာလေးဆီကိုသွားမိတော့သည်။
"လှတယ် အကွေးကအရမ်းလှတယ်...။ကျွန်တော့်အကွေးကလေ တကယ့်အလှတရားလေးပါဗျာ...။"
သူမလေးရဲ့ ကျောပြင်သေးသေးလေးကို ကျွန်တော့်ရင်ခွင်ထဲထည့်ပစ်လိုက်ပြီး နောက်ကနေသိုင်းဖက်ထားကာ သူမလေးရဲ့ဗိုက်လေးကိုအသာအယာပွတ်သပ်မိရင်း ထိုသို့ဆိုလိုက်တော့ သူမလေးရဲ့မျက်လုံးတွေပြူးကျယ်လာတာကို မှန်ကနေတဆင့်မြင်လိုက်ရသည်။
VOUS LISEZ
ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)
Poésieအချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။