နေ့လယ် အိပ်ရာနိုးသည့်အချိန်ကစပြီး အကွေးက ဘုရားစင်အောက်က ပြတင်းပေါက် ဆီကနေ မခွာတော့။
"အကွေး ပန်းသီးစားရအောင်လေ"
ကောင်းရဲ့အပြောကို သူမလေး မကြားဘူးထင်ပါရဲ့။
ကလေးတွေလည်းမနိုးသေးသည်မို့ ကောင်း သူမလေး အနားကို ပန်းသီးထဲ့ထားတဲ့ ပန်းကန်ယူပြီး သွားလိုက်သည်။
"အကွေး..."
"အင်း..."
ပါးစပ်က သာ "အင်း"နေတာ။မျက်နှာက အမသန္တာတို့အိမ်ကို ရောက်မတတ်ဖြစ်နေတဲ့ အကွေးကို ကောင်း ဘာမှထပ်မပြောတော့ပဲ၊သူမ ပါးစပ်ထဲကို ပန်းသီးခွံ့ပေးလိုက်သည်။
ပါးစပ်ထဲမှ ပန်းသီးကို ဝါးရင်း ကြည့်ရတာ ညောင်းလာသည်ထင်ပါရဲ့...ထိုနေရာမှာပဲ မှောက်လျက် အိပ်ချပြီး လက်ဖဝါးလေးနှစ်ခုကို ဆင့်ပြီး ခေါင်းရင်းက အမသန္တာတို့အိမ်ကို ကြည့်နေသည်။
ဟိုဘက်အိမ်မှာ အကိုမိုးဟိန်းလည်း ရောက်နေပြီမို့ စားဖို့သောက်ဖို့ အတွက် ပြင်ဆင်နေရင်း အလုပ်ရှုပ်နေကြသည်။
ကောင်းကတော့ သူမလေးဘေးမှာထိုင်ပြီး သူမလေးဘာလုပ်မလဲဆိုတာကို စိတ်ဝင်တစားနဲ့ပဲ စောင့်ကြည့်ဖို့လုပ်ထားသည်။
"ပန်းသီး ပန်းသီး..."
"အင်း ရော့..."
သူမရှေ့ကို ပန်းကန်လိုက်ချပေးလိုက်တော့ သူမက ကောင်းရှိရာသို့ လှည့်ကြည့်ကာ...
"စိတ်ဆိုးတာလား""ဘာကို ဆိုးရမှာလဲ ပြောပါဦး"
အရင်ကလို မဟုတ်တာဗျာ၊ ကျွန်တော်က အကွေးကို စိတ်ဆိုးစရာလား ဒီလိုစကားမျိုးမဟုတ်တော့ပဲ သူမကို ပြန်ပြီး မေးခွန်းထုတ်တဲ့ ကောင်းကြောင့် အကွေးမှာ ပြန်ထ,လာပြီး ကောင်းမျက်နှာကို အရိပ်အကဲကြည့်ရပြန်သည်။
"ကောင်း တစ်ခုခုဖြစ်နေတာလား၊
ဒီကို ကြည့်စမ်းပါဦး"ကြည့်စမ်းပါဦးပြောတာလည်း သူမ၊ကောင်းမျက်နှာကို လက်ဖြင့်ဆွဲယူပြီး အကြည့်ချင်းဆုံစေတာကလဲသူမပဲ။
"ဆောင်းနဲ့ ဘာတော်လဲဟင်...."
မျက်နှာကို တည့်တည့်ကြည့်ပြီး မေးတဲ့ ထိုအမေးကြောင့် အစောက ရယ်ချင်နေတဲ့စိတ်လေးက ကြက်ပျောက်ငှက်ပျောက်။ အကွေးက နည်းနည်းလေးတောင် စလို့မရတဲ့ အကွေးလေးထင်ပါရဲ့။
YOU ARE READING
ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)
Poetryအချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။