"မနက်ဖြန်ဆိုရင် ဒီဒန်းလေးကိုခွဲရတော့မှာ။ တဝကြီး ထိုင်ထားရအောင်"
သူမဘေးမှာ တစ်ဖက်တစ်ချက်ဆီထိုင်ပြီး ကောင်းဖျော်ပေးထားတဲ့ Orange Juiceကို နို့ဗူးလေးထဲထည့်ပြီး သောက်နေတဲ့ ရောင်ခြည်နဲ့ ရောင်ဝါ ကိုကြည့်ရင်း အကွေးပြောလိုက်သည်။
ပြောပြီးသည့်အချိန်မှာ သားနဲ့သမီးဆီက ပြန်ဖြေသံအစား နို့ဗူးကို အားပါးတရစုပ်ယူ နေသံကိုသာကြားရသည်။ထို့ကြောင့် သူမလည်း ဆက်မပြောတော့ပဲ ခြေဖြင့်အားယူပြီး ဒန်ကို အသာအယာလွှဲလိုက်ကာ ကောင်းပေးထားတဲ့ ဖျော်ရည်ကို သောက်နေလိုက်သည်။
မနက်(၈)နာရီမို့ နေရောင်သည် ခြံဝင်းထဲကိုဖြာကျနေပြီဖြစ်သည်။ သို့သော်လည်း ဒန်းဆီကိုတော့နေရောင်က ရောက်မလာသေး။ ထို့ကြောင့် အကွေးတို့သားအမိသုံးယောက် အေးချမ်းစွာနဲ့ပင် ဒန်းစီးရင်း ဖျော်ရည်သောက်နေကြသည်။
ကောင်းကတော့ အိမ်ထဲမှာ ချက်ရင်းပြုတ်ရင်းနဲ့မအားလပ်နိုင်။ ညနေမှာ နှုတ်ဆတ်ပါတီလုပ်မည်မို့ ထိုအတွက် လိုအပ်သမျှကို ကောင်းကိုယ်တိုင်ပဲ ချက်ပြုတ်နေသည်။ အကွေးက လုပ်ကူမယ်ဆိုတာတောင် ကောင်းကလက်မခံပဲ အေးအေးဆေးဆေးနားနေပါဟု ပြောသည်။ ထို့ကြောင့်အကွေးက ကလေးတွေထိန်းပေးရင်းဖြင့်ပဲ ကူညီပေးလိုက်သည်။
ကလေးထိန်းပေးတယ်ဆိုတာကလည်း ကလေးတွေအနားမှာ နေပေးရုံသာ။ အခုဆို တစ်နှစ်ကျော်ပြီဖြစ်တဲ့ သားနဲ့သမီးက လသားအရွယ်ကလိုမျိုး ဂျီမကျတတ်တော့။ သားနဲ့သမီးလသားအရွယ်ကို တွေးမိတော့....သားကိုတစ်လှည့်၊ သမီးကိုတစ်လှည့်နဲ့ ချီရင်း ကောင်း အိပ်ရေးပျက်ခဲ့ရတဲ့ညတွေကို တွေးမိသည်။ ကောင်းမရှိတဲ့ အချိန် ကလေးတွေနဲ့ ယောက်ယက်ခတ်နေရသလောက် ၊ ကောင်းပြန်လာရင် ကမ္ဘာတစ်ခုလုံးလင်းလက်သွားသလိုမျိုး ခံစားခဲ့ရတဲ့ အချိန်တွေကို ပြန်တွေးပြီး သူမ ကြည်လင်စွာပင် ပြုံးနေမိသည်။
"Mama.."
အကွေးရဲ့ ပေါင်ပေါ်ကို လက်သေးသေးလေးနဲ့ထိတွေ့ပြီး ခေါ်တဲ့ ရောင်ခြည့်အသံကြောင့် အကွေးသမီးကြီးဆီသို့ ငုံ့ကြည့်မိသည်။
YOU ARE READING
ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)
Poetryအချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။