"မိတ်ကပ်လိုသေးတာပဲ...."
အလင်းကိုပါ လက်တို့ပြီး အကွေးကိုမိတ်ကပ်လိမ်းပေးဖို့ရန်အတွက် အဝန်းတိုက်တွန်းမိသည်။ဂါဝန်အတိုက အဝဲလေးမို့ ကောင်းရှေ့မှာ လှုပ်လီလှုပ်လဲ့နဲ့ဖြစ်နေတဲ့ အကွေးကိုအဝန်းကပဲ ဆွဲခေါ်ပြီး သူမအခန်းထဲက ထိုင်ခုံမှာ ထိုင်စေလိုက်သည်။
"ခြေထပ်ထိုင်လေ..."
အိမ်ပေါ်မတက်သေးခင်မှာ အလင်းက အမဖြစ်သူအကွေးကို ဆုံးမစကားခြွေလိုက်သည်။ထိုအခါမှပဲ အကွေးက ခြေထောက်ထပ်၍ ထိုင်သည်။ခါးကို မတ်မတ်မထားပဲ ကုန်းကုန်း ကုန်းကုန်းနဲ့ဖြစ်နေသည်ကြောင့် သူမဝတ်ထားတဲ့ အပေါ်ပိုင်းအတွင်းအင်္ကျီဟာ မြင်နေရသည်။
"ခါးပါမတ်လိုက်စမ်း...."
"အေးဟေ့"
အလင်းကို စိတ်မရှည်တော့သလို ဂါဝန်အတိုလေးကိုလည်း အကွေးစိတ်မရှည်တော့ပါ။ ဘယ်လို ဘယ်ပုံ ထိုင်ထိုင် မြင်နေရတာတော့ အမှန်မို့ အကွေးမှာ တော်တော်မတ်ထားပြီး စမတ်ကျကျဆိုသလိုမျိုး ခြေပါချိတ်ပြီး ခေါင်းအထိပါမော့ထားရသည်။လှချင်တော့လည်း သည်းခံရမည်။
အဝန်းချစ်သူ အမကြီးနဲ့တွေ့ရင် အကွေးလှနေဖို့လိုသည် လို့ စိတ်ထဲမှာတွေးပြီး အောင့်အီးသည်းခံထားလိုက်သည်။
ခဏကြာတော့ မိတ်ကပ်သေတ္တာကို ကိုင်ပြီးဆင်းလာတဲ့အလင်း။ အကွေး ကျောင်းတတ်တုန်းကတော့ အဲ့လောက်ထိ မများခဲ့ပါလို့ တွေးပြီး....
"ဒီပုံးကို ဆောင်းသာမြင်ရင် ဘာလုပ်မလဲမသိဘူး""ဟိုလှန် ဒီလှန်နဲ့ နင့်ကိုရှာနေမှာ"
"ဟင်.."
"ဟုတ်တယ်လေ။ နင့်သူငယ်ချင်းက အစထဲကမှ ငမွှေ ။ နင်သာ ဒီလိုဝတ်တာ မြင်ကြည့်ပါလား...သူနင့်ကို လူထူးဆန်းလုပ်ပြီး ပြတိုက်မပို့လိုက်ရင် ကံကောင်း"
အဝန်းရဲ့ထိုစကားကို အလင်းက ထောက်ခံသည့်အနေနဲ့ ခေါင်းတဆတ်ဆတ်ငြိမ့်ပြပြီး.....
"နင်တို့အုပ်စုက အူကြောင်ကြောင်နဲ့" ဟု ဂုဏ်ပြုစကားဆိုသည်။"အေးနော်...ငါတို့တုန်းက ဒါမျိုးတွေခေတ်မစားဘူး"
"ခေတ်မစားတာမဟုတ်ဘူး၊
နင်တို့ကိုက တောတိုက်လေ..."
YOU ARE READING
ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)
Poetryအချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။