"ကောင်းသိလား...ငါငယ်ငယ်ကဆိုဘုန်းကြီးကျောင်းက တိုင်လုံးအကြီးကြီးတွေရှိတယ်လေ။အဲ့ဒီမှာ ညနေတိုင်း အပ်ချည်ကြိုးသွားချည် ပြီးရင်ဖယောင်းတိုင်လည်း ကျောင်းကပဲစွန့်ပြီး တိုင်မှာချည်ထားတဲ့အပ်ချည်ကို အဲ့ဒီဖယောင်းနဲ့တိုက်ပြီး မှန်စာလုပ်ရတာအမော။အဲ့တာလုပ်ပြီးနောက်နေ့ညနေစွန်လွှတ်ရင် သူများစွန်နားကို ကပ်တီးလေးကပ်ပြီး ဖြုတ်ချရတာ တကယ်ပျော်ဖို့ ကောင်းတယ်"
"သြ...."
အိပ်ရာဝင်ချိန်မှာ သူမကထုံးစံအတိုင်းပဲ သူမရဲ့အတွေ့အကြုံတွေကို ကောင်းဆီကိုပြောပြနေသည်။ကောင်းကလည်း ထုံးစံအတိုင်းပါပဲ အကွေးဘက်သို့ မျက်နှာမူပြီး သူမလေးကို ကြည့်ကာ ပြောသမျှကို ဂရုတစိုက်နဲ့ပင် နားထောင်ပေးနေလိုက်သည်။
ဟိုဘက်အိမ်ကတော့ သားချော့တေးဖွင့်ပြီး သန္တာလွင်လေးကို အငိုတိတ်အောင်ချော့နေသည်လားမသိ။ အရင်နေ့တွေက ငြိမ်သက်နေတဲ့ ညည့်ပတ်ဝန်းကျင်ဟာ ဒီကနေ့မှာတော့ "အို အေး အို အေး အေး အေး အို အေး......" စသည်ဖြင့် ပျံ့လွှင့်လို့နေ၏။
"ငါ ကောင်းကို သီချင်းဆိုပြရမလားဟင်"
ငြိမ်သက်သွားပြီးနောက်မှာ ထွက်လာတဲ့အသံပါးပါးလေးက ကောင်းကို သီချင်းဆိုပြရမလားတဲ့။တကယ်လည်း တတ်နိုင်လွန်းတဲ့အကွေးရယ်ပါ။
"အင်း ဆိုပြလေ...."
"ဘာဆိုပြရမလဲ"
"သက်ဆိုင်သူသို့ ရလား၊
ရရင် ဆိုပြချင်လား""အယ် ဘယ်ရမလဲကောင်းရဲ့၊ ကောင်းပြောတဲ့ သီချင်းကို နာမည်ပဲကြာဖူးတာ။ "
ရှက်မူပိုသွားလို့ ငြင်းနေတာမဟုတ်မျိုးမဟုတ်ပဲ သူမ တကယ်မသိ၍ပြောနေသည်ကို ပကတိကြည်လင်နေတဲ့ မျက်နှာလေးကနေ တဆင့် ကောင်းသိလိုက်ရသည်။ ရိသဲ့သဲ့လုပ်နေတာတောင် မရိပ်မိတဲ့ ဒီအကွေးလေးကို ကောင်းဘယ်လိုများချစ်ရေးဆိုရပါ့။
ကိုယ့်မိန်းမဖြစ်နေသည့်တိုင် ကိုယ်ဝန်ပဲရှိနေသည့်တိုင် အခုထိ ကောင်းနဲ့အကွေးဟာ မောင်နှမလိုလို၊ သူငယ်ချင်းလိုလို၊ မိတ်ဆွေတွေလိုလိုနဲ့။ အကွေးကို ဘယ်လောက်ထိချစ်ကြောင်းတွေ ပြောပြချင်ပေမယ့်လည်း ကောင်းကိုယ်တိုင်က မဝံ့မရဲ။ဒါကြောင့် အနည်းငယ်လေး အရိပ်အမြွက်တွေပြပြီး ပြောနေသည့်တိုင် အကွေးကလည်း နားမလည်။ဒီလိုနဲ့ပဲ ဇာတ်မြောကြီးလိုဖြစ်တော့မည်။
VOUS LISEZ
ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)
Poésieအချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။