"အကွေး ဒါကသန္တာတဲ့၊
နင့်လိုပဲ သူလည်းပထမနှစ်ပဲ"အကွေးတို့အဆောင်ထဲထိဝင်ပြီး သူမလေးရဲ့အဝတ်တွေနေရာချပေးရင်း အခန်းဖော်သူငယ်ချင်းနဲ့ပါမိတ်ဆတ်ပေးလိုက်သည်။ အဝန်းအလှည့်တုန်းကတော့ အရာရာ ကိုယ့်အားကိုယ်ကိုးခဲ့တာ ဖြစ်ပေမယ့်လည်း ဒီညီမလေးကိုတော့ အဝန်းဂရုတစိုက်နဲ့ပင် အတူနေသူငယ်ချင်းအထိပါရှာပေးခဲ့သည်။
"အကွေး လာလေ၊
နင်ဘယ်ဘက်မှာနေချင်လဲဟင်"အခန်းက ၂ယောက်တစ်ခန်းဖြစ်ပြီး အပေါ်ထပ်ဖြစ်တာမို့ ကုတင်မပါပဲရှိသည်။ အကွေး ပြတင်းပေါက်နဲ့နီးတဲ့ဘက်ကို ညွှန်ပြလိုက်သည်။ အခုမှတွေ့ဖူးတဲ့သူနဲ့ စကားပြောဖို့ရန်အတွက် သူမသိပ်ပြီး မရဲဖူးဖြစ်နေသည်။ ကြာလာရင်တော့ ခင်လာမှာပါလို့တွေးပြီး အကွေးစိတ်လျော့ထားလိုက်သည်။
"ဒါဆို ငါဒီမှာ အိပ်ယာခင်းပြီနော်"
မြတ်ဘုန်းက မွေ့ယာအသစ်ကို အိတ်ဖြေရင်း အကွေးကို လှမ်းပြီးပြောလိုက်တော့ သူမလေးက ခေါင်းငြိမ့်ပြသည်။သူမအတွက် အားလုံးပြင်ဆင်ပေးပြီးလို့ အပြီးမှာ မြတ်ဘုန်းနှင့် အဝန်းက ခရီးဆက်ဖို့ပြင်သည်။
"အကွေး ရော့..."
မြတ်ဘုန်းက သူ့ဘောင်းဘီအိတ်ကပ်ထဲက တစ်သောင်းတန်အလိပ်လေးကို အကွေးထံသို့ကမ်းပေးသည်။"ဟာ မယူပါဘူး၊ငါ့မှာ ပါတယ်။
နင်ပဲ သုံးပါ""လျှာမရှည်နဲ့ ယူထား..ပြီးရင် နင့်အခန်းဖော်ကို မုန့်တွေဘာတွေလည်းဝယ်ကျွေး။ ရန်မဖြစ်နဲ့နော်..သည်းခံပြီးပေါင်း"
"အင်း.."
မြတ်ဘုန်းကလက်ထဲကို ထဲ့ပေးတဲ့ တစ်သောင်းတန်းအလိပ်လေးကို ကြည့်ရင်း အကွေးငိုချင်လာသည်။ တကယ်ဆို သူမသာဉာဏ်ကောင်းရင် ၊ သူမသာ ကြိုးစားခဲ့ရင် မြတ်ဘုန်းနဲ့ဒီလိုခွဲရမှာမဟုတ်ဘူး။
"သွားရတာ စိတ်မဖြောင့်အောင်ဟာ..."
မြတ်ဘုန်းထိုသို့ တိုးတိုးလေးပြောတော့ အကွေးချက်ချင်းပင် မျက်ရည်ထိန်းပြီး ခေါင်းမော့ကာ ပြုံးပြလိုက်သည်။
"ကဲ အကွေး..ရော့ မုန်ဖိုး။
မလောက်ရင် လှမ်းပြောနော်...သန္တာက သဘောကောင်းတယ် နင်အဆင်ပြေမှာပါဟာ"
YOU ARE READING
ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)
Poetryအချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။