အပိုင်း (၁၀)

13.1K 524 40
                                    

"ကျစ် ဒီကောင်နဲ့မှ တစ်ဖွဲ့ထဲကျရတယ်လို့ကွာ"

"မင်းကံကိုက ဆိုးတာပါ။
သည်းခံပေါ့ကွာ ၃လ ထဲကို"

"ဟာ ဒီကောင်မျက်နှာမြင်ရင်ကို ငါဆွဲထိုးချင်စိတ်တွေတဖွားဖွား...အလကားကောင်ကွာ"

Term paperအဖွဲ့ကို သော်တာနဲ့ တစ်ဖွဲ့ထဲကျ၍ ဆောင်းသခင် တော်တော်လေးစိတ်ပျက်နေသည်။ လူ၉၆ယောက်ထဲမှာမှ ဒီကောင့်ကို အမုန်းဆုံးပါဆို ဒီကောင်ပါတဲ့ အဖွဲ့ထဲကျရတယ်လို့၊ကံတရား နောက်ပြောင်တာက အတိုင်းအတာကို ကျော်နေပြီ။

ထိုအချိန်မှာ သူတို့နှစ်ယောက်အနားသို့ သန္တာလည်း ရောက်လာသည်။ သို့ဖြင့် သူတို့သုံးယောက်သည် ကန်ဘောင်ဘေးမှာ တမာပင် အောက်မှာ ထိုင်နေကြသည်။ သန္တာကတော့ ကံကောင်းပါသည် သူမတို့အဖွဲ့က မိန်းကလေးတွေကြည့် အယောက်၂၀။

အယောက်၂၀တစ်ဖွဲ့နှင့် Ten paperဖတ်ဖို့ရန်အတွက် အဖွဲ့ ၅ဖွဲ့ခွဲလိုက်သည်။ ဆောင်းတို့ သူငယ်ချင်းတွေအားလုံး တစ်ဖွဲ့ထဲမကျပဲ လူစုကွဲကုန်သည်။ ဒါကိုလက်ခံနိုင်ပါတယ် အမြဲတမ်း မခွဲမခွာရှိနေလို့မှမရပဲ။ လက်မခံနိုင်တာက  သော်တာဆိုတဲ့ ခွေးနဲ့မှ အဖွဲ့တူနေတာပင်။

"ဟိုဟာ သက်လွင်နဲ့အကွေးမလား..."

ဆောင်းတို့ ထိုင်နေသည့်နေရာနှင့် မျက်နှာချင်းဆိုင် မြောက်ဘက် ကန်ဘောင်မှာ လျှောက်လာနေသည့် အရိပ်လေးနှစ်ခု။သင်္ချာဆောင် နောက်ကကျောကနေ လက်လှမ်းပြနေသည့် လခြမ်းကွေး။

သက်လွင်ကတော့ သူမလေးရဲ့ လက်ကို ဆွဲချပြီး ဆောင်းတို့ဆီသို့အမြန် ဆွဲခေါ်လာပုံရသည်။ ဒီဟာလေး ဘေးမှာ လူတွေရှိတာကို မမြင်ဘူးလားမသိ။

"ဖြေးဖြေးသွားပါ သက်လွင်ရ။"

"အကွေးကလည်း မြန်မြန်လေးလျှောက်လိုက်ပါ။
နင် နဲ့ သွားရတာလည်း ငါ့မယ်အရူးကြီးလိုပဲ"

သူမလေးရဲ့ မုန်ထုပ်တွေရယ်၊ ရေဗူးရယ် နောက်တော့ သူမလေးဝတ်လာသည့် အပေါ်ထပ်အင်္ကျီကပါ သက်လွင်ဆီသို့ ရောက်နေသည်။သက်လွင်ဘယ်လောက်ပြောပြော လခြမ်းကွေးကတော့ သူမ ထဘီလေးမြှောက်ပြီး အောက်ငုံ့ကာ တစ်လှမ်းချင်း လျှောက်နေသည်။

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Where stories live. Discover now