"အကွေး နင်ဖြစ်ရဲ့လားဟယ်"
သူမနောက်မှာ ကျန်ခဲ့တဲ့ လခြမ်းကွေးကို စောင်းငဲ့ကြည့်ရင်းမေးမိသည်။ သန္တာရေ ငါ့ကို ဒေါက်ဖိနပ်လိုက်ဝယ်ပေးပါ ဆိုလို့ အနီးအနားက နတ်မြင်းပျံစတိုးကနေ ဆရာမဒေါက်လေးဝယ်လိုက်ဝယ်ပေးခဲ့သည်။ ဒါနဲ့တင်မပြီးသေးပဲ မိတ်ကပ်မလိမ်းပေးချင်ဘူးလားဟင် ဆိုပြီး မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ပြောလာလို့ မနေနိုင်မထိုင်နိုင် သမီးငယ်ကို သနပ်ခါးလိမ်းပေးသလိုမျိုး လခြမ်းကွေးကို တယုတယနဲ့ပင် သူမရဲ့မိတ်ကပ်လိမ်းပေးခဲ့သည်။
ဒီလောက် အဆင်ပြေအောင်လိုက်လျောထားသည့်တိုင် အခု ကျောင်းအဝရောက်နေပြီ ပြသနာက မပြီးသေး။ ဒေါက်ဖိနပ်က သိမ့်ပြီးမမြင့်ပါ။သို့သော်လည်း သူမက ခြေလှမ်းရွေ့ဖို့ရန်အတွက် ချိန်ဆနေရသည်မို့ ခရီးက မတွင်။ အဆောင်နဲ့ကျောင်းက ၅မိနစ်လောက်လမ်းလျှောက်လျှင်ရ၏။အခုတော့ဖြင့် ၇ခွဲကထွက်လာတာ ၈နာရီထိုးလုနီးပြီ။
"မဖြစ်တော့ဘူး ထင်တယ်"
"ဟူး..."
သန္တာသူမလေးဆီသို့ လျှောက်သွားပြီး လက်မောင်းလေးကို တွဲပေးလိုက်သည်။"ဟေ့ သန္တာ"
ကျောင်းအဝမှာတင် မိုးဟိန်းကို တွေ့လိုက်လို့ သန္တာဝမ်းသာသွားသည်။
"အတော်ပဲ အကွေးကိုတွဲဦး။"
"ဟင် ဘာဖြစ်ပြန်ပြီလဲ"
ဆောင်းသခင် ချက်ချင်းပင် အကွေးတစ်ကိုယ်လုံးကို အစုန်အဆန်ကြည့်ပြီးမေးလိုက်သည်။"ပြုတ်ကျမှာစိုးလို့"
မနေ့ကလို မထုံတတ်တေးလေးမဟုတ်တော့ပဲ ချက်ချင်းပင် ဆောင်းရဲ့အမေးကို ဖြေပေးသည်။
"နင့်ဟာက ဘယ်နားမှလဲဂုန်းမရှိပဲ..ဘာလို့ကြောက်နေတာလဲ"
ဒီလိုမေးလိုက်တော့ အကွေးက ပြန်မဖြေပဲ သန္တာကိုလှည့်ကြည့်နေသည်။
"ဒီလိုဟ ဒေါက်ဖိနပ်ပေါ်ကနေပြုတ်ကျမှာစိုးနေတာ။"
"ဟားးဟားးးး..."
"ခွီး..အကွေးရယ်၊နင်လုပ်လိုက်ရင်။
ထားလိုက်တော့ အတန်းချိန်နီးနေပြီ..လာ ဆောင်း မင်းကသူ့လက်မောင်းကကိုင် ငါကခြေထောက်က ကိုင်မယ်"
BINABASA MO ANG
ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)
Poetryအချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။