အပိုင်း (၂၅)

13K 504 76
                                    

(ကောမန့်တွေ အများကြီးကို ရီပလိုင်းပြန်ချင်လို့ ရေးလိုက်ပါတယ်၊ စင်တာမှာနေရတာ အရမ်းပျင်းတာပဲ။FBလဲ မသုံးချင်လို့ ယောရောဘွန်းတို့က အများကြီးမန့်ပေးရင် အာပီတွေအများကြီးပြန်လို့ရမှာပဲ)

"အကွေးရေ...ဒီမှာ သားငယ်ငိုနေပြီ"

အကွေး ရေချိုးလို့တောင်မပြီးသေး အိမ်ထဲကနေ သားငယ်၏ငုံသံနှင့်အတူ အမေ့အော်သံကိုကြားရသည်။ရေပန်းကို မပိတ်သေးခင်မှာ သတိရသွားသည်က ကောင်းရဲ့မျက်နှာ။ကောင်းသာရှိနေရင် ဒီလိုဖြစ်မှာမဟုတ်ပါ။

"Marmar..."

"အယ် ရောင်ခြည်၊"
မီးဖိုတံခါးကနေ ဆင်းလာတော့မည့် ရောင်ခြည်ကြောင့် ရေစိုလျက်နဲ့ပင် သမီးကြီးအနားကို အပြေးလာရသည်။ အကွေးသာ အလာနောက်ကျရင် သမီးငယ်က တမံသလင်းပေါ် ပြုတ်ကျမည့်အခြေအနေ။

"အကွေးရေ ရွာထဲက အကြော်သွားဝယ်ဦး၊
နေ့လယ် အစာပြေအတွက် မုန့်မရှိဘူးလေ။
ကလေးတွေလည်းစားရအောင်လို့"

ကြားလိုက်ရတဲ့ အဖေ့အသံကြောင့် အကွေးငိုချင်သွားသည်။ အခုဆို အကွေးမှာ ရေစိုထဘီရင်လျားနဲ့  သမီးကြီးကို ပြုတ်မကျစေရန်အတွက် ထိန်းပေးထားရသည့်အခြေအနေ။ အကွေးရဲ့ အစိုဓာတ်က သမီးကြီးရဲ့အင်္ကျီမှာပါ ရေကွက်ဖြစ်နေပြီ။ သမီးကြီးသာ ဖျားရင် အကွေးမှာ ပိုပြီိးအလုပ်ရှုပ်ရမည်။ကောင်းကလဲမရှိသည်မို့ အကွေးတစ်ယောက်ထဲလုပ်ပေးရမည့် အရေးကို တွေးပြီး အကွေး ဒီတိုင်းအနေအထားနဲ့ ရပ်နေမိသည်။

"အကွေး..."

"ဟင်!!"

"DaDa"

သမီးအကြီးလေးဟာ DaDaခေါ်သံနှင့်အတူ အိမ်ထဲဝင်လာပြီဖြစ်တဲ့ ကောင်းဆီကို လျှောက်သွားသည်။

သူ့အနားရောက်လာတဲ့ သမီးကြီးကို ကောင်းက ထွေးပွေ့ချီယူပြီး အင်္ကျီလဲပေးသည်။အမေ့ဆီမှာ ငိုနေတဲ့ အငယ်ကောင်လေးရဲ့ ငိုသံဟာလည်း မကြားရတော့။ သားနဲ့သမီးလိုပဲ အကွေးကိုယ်တိုင်လည်း မျက်ရည်အဝိုင်းသားနဲ့ ကောင်းကို လိုက်ကြည့်နေမိသည်။

"အအေးပတ်မယ် အကွေး၊
အင်္ကျီလဲမှာဆို လဲတော့လေ။"

လူကို မမြင်ရတော့ပေမယ့် ကြားလိုက်ရတဲ့ ကောင်းရဲ့အသံကြောင့် အကွေးချက်ချင်းပင် ရေချိုးခန်းဆီပြန်သွားလိုက်သည်။ကောင်း စိတ်ဆိုးနေသလားဆိုတဲ့ အတွေးနဲ့ ရေချိုးတာက တော်တော်နဲ့လက်စမသတ်နိုင်ဖြစ်ရသည်။

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Where stories live. Discover now