ဆေးခန်းမှာ ပိုက်ဆံရှင်းခဲ့ပြီးနောက် အိမ်မပြန်သေးပဲ ကောင်းက စတိုးဆိုင်တစ်ခုကို ဝင်သည်။အကွေးလည်း ဘာမှမပြောပဲ ကောင်းလက်ဆွဲခေါ်ရာနောက်သို့ ယောင်နနနဲ့ လိုက်လာခဲ့လိုက်သည်။
"ဂါဝန်လိုချင်လို့ပါ...ဒီအမအတွက်"ဟု ဆိုကာ အကွေးရဲ့ပခုံးကနေ ကိုင်ကာ အကွေးရဲ့ခန္ဓာကိုယ်လေးကို သူ့ရင်ခွင်ရှေ့ရောက်အောင်ဆွဲခေါ်သည်။
ကောင်းရဲ့ စကားကြောင့် အကွေးနောက်ပြန်လှည့်ကြည့်ပြီး....
"ငါမှ ဂါဝန်မဝတ်တာ ကောင်းရဲ့၊
ဂါဝန်က မိန်းကလေးတွေပဲဝတ်တာတဲ့။""အကွေးက မိန်းကလေးပဲလေ"
"မဟုတ်ဘူးလေ အဝန်းတောင်မဝတ်တာပဲ၊
ငါတစ်ယောက်ထဲကြီး ဝတ်ရမှာ နည်းနည်းတော့ အဆင်မပြေဖြစ်မနေဘူးလား။""အလင်းလည်း ဝတ်တာပဲ"
"သူက မိန်းကလေးလေ ကောင်းရဲ့"
"ရော် အကွေးလည်း မိန်းကလေးပဲလေဗျာ..."
"အဲ့လိုလည်း မဟုတ်သေးဘူး ကောင်းရာ၊ ငါပြောချင်တာက..."
ပြောရင်းနဲ့ ရှုပ်လာတာမို့ သူမ စကားမဆက်သေးပဲ ကောင်းမျက်နှာကို ကြည့်လိုက်သည်။ ကောင်းကလည်း သူမကို ကြည့်နေပြီး ခဏကြာတော့ ကောင်းကနှစ်လိုဖွယ်အပြုံးလေးပြုံးပြပြီး...
"အကွေးပဲ ဗိုက်ကို မဖိစေချင်ဘူးဆို၊
ဂါဝန်နဲ့ဆို အဆင်ပြေတယ်လေ။""ဒါပေမယ့်လည်း အတွင်းခံအင်္ကျီ..."
ဆက်မပြောပဲ ပါးစပ်ကို လက်ကလေးနဲ့ အုပ်ကာ ထိန်းလိုက်ရသည်။ကျောပြည့်အတွင်းခံအင်္ကျီက လည်း ဗိုက်ထိအောင်ရှည်တာပဲလို့ ပြောချင်ပေမယ့်ထုတ်ပြောဖို့က အခက်တွေ့သည်။ကောင်းနဲ့ နေရတာ မကြာသေးဘူးမဟုတ်လား။ဒီလို ကိစ္စတွေပြောပြဖို့က နည်းနည်းတော့ မျက်နှာပူရသည်။သူတို့နှစ်ယောက်ကို ကြည့်နေပြီး မနေနိုင်တော့သည့် အဆုံးမှာ ဆိုင်က အရောင်ဝန်ထမ်းလေးက ကျွန်မကူညီပါရစေဟု ပြောကာ အကွေးကို ခေါ်သွားသည်။အကွေးခင်ဗျာ ကောင်းကို လှည့်ကြည့်ရင်း ယက်ကန်ယက်ကန်နဲ့ ပါသွား၏။
အကွေးလိုက်သွားပြီးနောက်တွင် ကောင်းက ဆိုင်ထဲမှာရှိတဲ့ ခုံတစ်ခုံမှာ ထိုင်စောင့်နေလိုက်သည်။ခဏကြာတော့ စပန့်ဂါဝန်ဒူးဖုံးလေးနဲ့ အကွေး။ဂါဝန်မှာ အဝါရောင်ပန်းပွင့်အကြီးကြီးတွေကို အောက်ခံအစိမ်းရောင်ပေါ်မှာ ပုံဖော်ထားတာဖြစ်ပြီး သူမလေး အသားအရည်နဲ့ လိုက်ဖက်လွန်းသည်မို့ ကောင်းမျက်တောင်မခတ်စတမ်းကြည့်နေမိသည်။
أنت تقرأ
ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)
شِعرအချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။