အပိုင်း (၃၆)

11K 408 26
                                    

"အဆင်ပြေရဲ့လား အကွေး"

လူနာကုတင်ပေါ်ကို တင်ပါးလွှဲထိုင်ရင်း သူမလက်လေးကို တယုတယနဲ့ပင် ဆုပ်ကိုင်ရင်းမေးတဲ့ ကောင်းရဲ့ မျက်လုံးတွေမှာလည်း မျက်ရည်တွေအပြည့်နှင့်။

သန္ဓေသားလောင်းပင် ဖြစ်ခွင့်မရသေးတဲ့ ၂ပတ်ကျော် သုံးပတ်နီးပါးအရွယ် သွေးစက်လေးသည် အခုချိန်မှာ မရှိတော့ပြီတဲ့။ နောက်ထပ် အကွေးရဲ့ပုံတူလေးတစ်ယောက် ထပ်ရဖို့ အခွင့်အရေးကို ဆုံးရှုံးလိုက်တာ ကောင်း ရင်ကွဲသလိုခံစားနေရသည်။

"ကောင်းရော ဟင်..."

အစက သူမလေးကို ဘာမှမပြောဖို့လုပ်ထားပေမယ့်လည်း သတိရလာချင်းမှာ သူမပြောတာက "အစက်ကလေး ပြားသွားပြီ ကောင်း" တဲ့။  မိခင်တစ်ယောက်ရဲ့ စိတ်စွမ်းအားတွေက သားသမီးဆုံးရှုံးတာကိုတောင် ဘယ်သူမှ မပြောရပါပဲ သိသည့်အဖြစ်ပါ။

"အဆင်ပြေပါတယ် အကွေးရ။ ကျွန်တော် အဆင်ပြေအောင်လုပ်ပေးမှာပါ။ နောက်ထပ် ဒီလိုကိစ္စမျိုး မဖြစ်စေရဘူးနော်။ ကျွန်တော်ကတိပေးတယ်"

သူမလေးရဲ့ မျက်ရည်တွေကို ဖယ်ရှားပေးရင်း ကောင်းကိုယ်တိုင်လည်း မျက်ရည်တွေကြားကနေ ပြုံးပြဖြစ်သည်။

သူတို့နှစ်ယောက်ကိုကြည့်ပြီး ဘေးမှာရပ်နေသည့် အောင်သည် စကား,စရခက်နေသည်။ တောင်းပန်ပါတယ်လို့ ပြောရအောင်ကလည်း အောင်မှားထားတာ ဘာမှမရှိ။ တခြားစကားပြောရအောင်ကလည်း ဒီအခြေအနေနဲ့ လိုက်ဖက်တဲ့ စကားကိုရှာလို့မတွေ့သေး ဖြစ်နေသည်။

"အောင့်ကို တောင်းပန်ပါတယ်နော်။ ငါ့ကြောင့်နဲ့ အောင် လန့်သွားရပြီ"

လခြမ်းကွေးသည် တစ်ဖက်သား အနေခက်အောင်မျိုး ဘယ်တော့မှမလုပ်တတ်ပါ။ အခုလည်း အောင့်အတွက်ခက်ခဲနေမှန်းသိလို့ မျက်ရည်တွေကျလျက်ကပင် အောင့်ကို စကားပြောနေသည်။

"ကိုယ်က တောင်းပန်သင့်တာပါကွာ"

"အောင့်ကြောင့်မှ မဟုတ်တာ အောင်ရဲ့။
ငါဘာငါ တတ်ပြီး၊ ငါဘာငါ လဲကျတာလေ။
ဘယ်လိုလုပ်ပြီးတတ်နိုင်မှာလဲ ငါလည်း အပေါ်တတ်ရင်လဲကျပြီး ဒီလိုဖြစ်မယ်မှန်းမှ ကြိုမသိခဲ့တာ။ ကံတရားက ဒီလိုဖြစ်ခဲ့တာကို အောင်ရယ်..ကံကြောင့်ပေါ့"

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Where stories live. Discover now